Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် ဆိတ် သုံးကောင်သေဆုံးပြီး ဒေါ်ခိုင်မှာ ဒဏ်ရာများရရှိကာ တောင်သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ပြောသည်။

(တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း။ ဓာတ်ပုံ – Shwe Gas)
(တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း။ ဓာတ်ပုံ – Shwe Gas)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး ထောင်ထားသည့် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက် နံနက် ၇နာရီခန့်က တောင်သာမြို့နယ်၊ ရွှေလင်ပန်းအုပ်စု၊ ကြည်ကုန်းရွာနေ အသက်(၄၀)ဝန်းကျင်ရှိ ဒေါ်ခိုင်ဆိုသူသည် ဆိတ်ကျောင်းသွားရာ အေးရွာအနီးရှိ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းအနီး အရောက်တွင် ၎င်း၏ ဆိတ်တစ်ကောင်က မိုင်းနင်းမိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုကြောင့် ဆိတ် သုံးကောင်သေဆုံးပြီး ဒေါ်ခိုင်မှာ ဒဏ်ရာများရရှိကာ တောင်သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ပြောသည်။

Public Service Announcement
Public Service Announcement

တောင်သာနှင့်နယ်ချင်းဆက်နေသည့် နွားထိုးကြီးမြို့နယ်တွင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်‌ကောင်စီတပ်သားများ တိုက်ခိုက်ခံရဖူးပြီး ပိုက်လိုင်းအနီးမိုင်းထောင်သည့်လုပ်ရပ်မှာ စစ်အုပ်စုလက်ချက်သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“PDF က မိုင်းမထောင်ဘူး။ ကွက်တိဆွဲတာ။ ခုလုပ်တာ ဘယ်ကလဲတော့ မပြောတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းသည် တောင်သာမြို့နယ်အတွင်း မိုင် ၃၀ခန့်ရှိပြီး စစ်အုပ်စုက ပိုက်လိုင်းလုံခြုံရေးအကြောင်းပြကာ ပိုက်လိုင်းတစ်လျှောက် မိုင်းထောင်ထားနိုင်၍ ပြည်သူများ သတိပြုသွားလာကြရန် လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက သတိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။