Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်​ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်
မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ဒေသအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်ကိုးကန့်တပ်မတော်(MNDAA) တို့က အလှူငွေများ ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(ULA/AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်​ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်
မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကိုလည်း ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ကြောင်း AA က အသိပေးသည်။ ယင်းကော်မတီတွင် AA စစ်ဒေသမှူးများ၊ ULA စစ်ဒေသ နိုင်ငံရေးမှူးများ၊ ကမ္ဘာလုံးဆိုင်ရာ ရခိုင်အမျိုးသားကွန်ရက် နိုင်ငံအလိုက်တာဝန်ခံများ၊ ပြည်တွင်းမှ တာဝန်ပေးထားသူများဖြင့် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

AA၏ ညီနောင်အဖွဲ့အစည်းများဖြစ်သည့်TNLAနှင့် MNDAA တို့ကလည်း မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုများ၊ အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက်အထူးဝမ်းနည်းကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီး အရေးပေါ် အကူအညီများ လိုအပ်နေမှုအပေါ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်AA အနေဖြင့်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် အရေးပေါ် အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် ဦးစီးပြီး အကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း MNDAAနှင့်TNLAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။