Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီထုတ်ကုန် အရက်၊ ဘီယာ စစ်ဆေးတွေ့ရှိ၍ ပအဖအဖွဲ့ ဖျက်ဆီး

သိမ်းဆည်းရမိသော ပစ္စည်းများအားလုံးကို တော်လှန်ရေးအင်အားစုများမှ အများပြည်သူ များ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(ယမန်နေ့က စစ်ဆေးရမိသော စစ်ကောင်စီထုတ်ကုန် ဘီယာများအား ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ ခင်ဦး မြို့နယ် - ပအဖ)
(ယမန်နေ့က စစ်ဆေးရမိသော စစ်ကောင်စီထုတ်ကုန် ဘီယာများအား ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ ခင်ဦး မြို့နယ် - ပအဖ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျပ်သိန်း၄၀၀ ကျော်တန်ဖိုးရှိ စစ်ကောင်စီ​၏ထုတ်ကုန် အရက်၊ဘီယာများ စစ်ဆေးတွေ့ရှိ၍ ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့က ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မြို့နယ် ပအဖ)၏ လမ်းညွှန်မှုဖြင့် မြို့နယ် (ပကဖ)နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက Dagonအမှတ်တံဆိပ်အရက်၊ဘီယာများ သယ် ဆောင်လာသည့် ယာဉ်သုံးစီးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ ယာဉ်များပေါ်တွင် ကာလတန်ဖိုး ကျပ်သိန်းလေးရာကျော်ရှိသော စစ်​ကောင်စီထုတ် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ဖာ၊ ဗူးပေါင်း ၁၁,၀၄၀ ဗူးနှင့် ပုလင်းပေါင်း ၇၈၀ ပါရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

သိမ်းဆည်းရမိသော ပစ္စည်းများအားလုံးကို တော်လှန်ရေးအင်အားစုများမှ အများပြည်သူ များ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီ ထုတ်ကုန်နဲ့ပတ်သက်လို့ကတော့ မသုံးဖို့ နဲ့ ရောင်းချတာမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပြီး သားပါ။အခုက ခင်ဦးလမ်းပိုင်းမှာ စစ်ဆေးရင်းမိတာ”ဟု ခင်ဦးမြို့နယ်(ပအဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီနှင့် မိသားစုများ၊ ၎င်းတို့နှင့် အကျိုးတူ စီးပွားဘက်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွာစွာဖျက်ဆီးနေသည့် လုပ်ရပ်များ ဖြစ်သည့်အတွက် စစ်ကောင်စီ ထုတ်ကုန် ပစ္စည်းများကို သပိတ်မှောက်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။