Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ထိုင်းအတိုက်အခံ ပါတီတွေ နားလည်မှု သဝဏ်လွှာ လက်မှတ်ရေးထိုး

မေလ ၂၂ ရက်မှာ MFPက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ သဝဏ်လွှာမှာ အတိုက်အခံ အင်အားစုတွေကြား သဘောတူထားတဲ့ အချက် ၂၃ ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ ညွန့်ပေါင်း အစိုးရဟာ ပါတီ ၉ ခု စုပေါင်း ပါဝင်မှာဖြစ်ပြီး ဘုံတူညီတဲ့ ရည်ရွယ်ချက်တွေဆီ ဦးတည် ချီတက်ဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ထိုင်းအတိုက်အခံ ပါတီတွေ နားလည်မှု သဝဏ်လွှာ လက်မှတ်ရေးထိုး
ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ထိုင်းအတိုက်အခံ ပါတီတွေ နားလည်မှု သဝဏ်လွှာ လက်မှတ်ရေးထိုး

ထိုင်းရွေးကောက်ပွဲ အနိုင်ရ မုဗ်ဖော်ဝပ်ပါတီ (MFP) ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရေး နားလည်မှု သဝဏ်လွှာကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မေလ ၂၂ ရက်မှာ MFPက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ သဝဏ်လွှာမှာ အတိုက်အခံ အင်အားစုတွေကြား သဘောတူထားတဲ့ အချက် ၂၃ ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ ညွန့်ပေါင်း အစိုးရဟာ ပါတီ ၉ ခု စုပေါင်း ပါဝင်မှာဖြစ်ပြီး ဘုံတူညီတဲ့ ရည်ရွယ်ချက်တွေဆီ ဦးတည် ချီတက်ဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

အဲဒီ မဟာမိတ် အင်အားစုထဲမှာ မေလ ၁၄ ရက် ရွေးကောက်ပွဲရဲ့ ဒုတိယ မဲအများဆုံး ရရှိတဲ့ ဖျူထိုင်း (PTP) ပါတီလည်း အပါအဝင် ဖြစ်ပါတယ်။ ပါတီ ၈ ခုရဲ့ အင်အား စုဖွဲ့မှုအရ အောက်လွှတ်တော် အမတ်နေရာ ၃၁၃ နေရာထိ ရရှိလာမှာပါ။ ဒါပေမဲ့ ထိုင်းဖွဲ့စည်းပုံ ဥပဒေအရ အထက်နဲ့ လွှတ်တော် အမတ်ပေါင်း ၇၅၀ ရှိတဲ့ထဲက ၃၇၆ ဦး ထောက်ခံသူသာ ဝန်ကြီးချုပ် နေရာကို ရရှိမှာ ဖြစ်တာကြောင့် MFP ဦးဆောင်တဲ့ အတိုက်အခံတွေအတွက် စိတ်ချရတဲ့ အခြေအနေ မရှိသေးပါဘူး။ အဲဒီ လွှတ်တော်အမတ် ၇၅၀ ထဲမှာမှ ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ကြိုတင် ခန့်အပ်ခံထားရတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ကတော့ စစ်တပ်က ထောက်ခံတဲ့ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်တွေကို လိုလားတယ်လို့ ယုံကြည်ရပါတယ်။

အခု နားလည်မှု သဝဏ်လွှာကို လက်မှတ် ရေးထိုးလိုက်တာကတော့ ပါတီတွေကြားမှာ မူဝါဒတွေ ညှိနှိုင်းပြီး အတူလက်တွဲ ဆောင်ရွက်ဖို့၊ အစိုးရ ယန္တရား လည်ပတ်ရေးမှာ တာဝန်ခွဲယူဖို့တွေကို ကြိုတင် သဘောတူနိုင်ခဲ့တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ MFPရဲ့ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ရေပန်းစားနေသူ ပီတာ လင်ဂျာရွန်ရတ်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခု လက်မှတ်ရေးထိုးမှုဟာ ၂၀၁၄ မှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်တပ် အကြီးအကဲဟောင်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာရဲ့ ကြီးစိုးမှုကို အဆုံးသတ်စေဖို့ အတိုက်အခံ အင်အားစုတွေကြား ပိုပြီး တသဘောတည်း ညီညွတ်လာတယ် ဆိုတာကို မြင်သာစေတဲ့ တပ်လှန့်မှု ဖြစ်လာပါတယ်။ ထိုင်းကို ၉ နှစ်ကြာ အုပ်ချုပ်လာတဲ့ ပယာရွတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရှက်ကွဲလောက်စရာ အခြေအနေတွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပယာရွတ် အပါအဝင် ထိုင်းစစ်တပ် ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အခြေမလှခဲ့ပေမယ့်လည်း အထက်လွှတ်တော် အမတ် ၂၅၀ အားကိုးအပြင် ပါတီငယ်တွေကို စုစည်းပြီး အာဏာကို ဆက်ထိန်းသိမ်းထားဖို့ အားထုတ်လာနိုင်ခြေတွေ ရှိနေဆဲပါ။ ပီတာကတော့ ထိုင်း အထက်လွှတ်တော် အမတ်တွေ အနေနဲ့ ပြည်သူလူထုရဲ့ ရွေးချယ်မှုကို လေးစားသင့်ကြောင်း ပြောကြားခဲ့ပြီး လူနည်းစုအကြိုက် ပါတီတွေက နိုင်ငံကို အုပ်ချုပ်တဲ့ ခေတ်က အဆုံးသတ်သင့်ပြီလို့လည်း သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။