Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ အရေးပါသည့် အင်အားစုတိုင်းနှင့် ဆက်သွယ်ညှိနှိုင်းမည်ဟု ထိုင်းအနိုင်ရပါတီခေါင်းဆောင်ပြော

“မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်” ဟု ၎င်းက ရေးသားသည်။

Move Forward ပါတီ​ခေါင်း​ဆောင် ခေါင်းဆောင် ပီတ။ ဓါတ်ပုံ-The Newyourk Times
Move Forward ပါတီ​ခေါင်း​ဆောင် ခေါင်းဆောင် ပီတ။ ဓါတ်ပုံ-The Newyourk Times

လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါသည့် အင်အားစုတိုင်းနှင့် ဆက်သွယ်ညှိနှိုင်းမည်ဟု ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတက ပြောသည်။

ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရသည့် ပီတ၏ နိုင်ငံခြားရေးမူဝါဒမှာ အထက်ပါအတိုင်းဖြစ်ပြီး အဆိုပါ လူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းများတွင်ပါ ပါဝင်မည်ဖြစ်ကြောင်းက ၎င်းက ရှင်းပြသည်။

​ရွေး​ကောက်ပွဲအနိုင်ရပါတီ​ခေါင်း​ဆောင်က တွစ်တာတွင်​ရေးသားထားမှု
​ရွေး​ကောက်ပွဲအနိုင်ရပါတီ​ခေါင်း​ဆောင်က တွစ်တာတွင်​ရေးသားထားမှု

“ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပီတာက ၎င်း၏ တွစ်တာစာမျက်နှာတွင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြသည်။

မိုခါမုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် မြန်မာပြည်သူများကို လူသားချင်းစာနာသည့်အကူအညီများ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ရန် ထိုင်းနိုင်ငံ ကြားကာလအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်းကို ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်က တောင်းဆိုသည်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေသည့် မုန်တိုင်းဘေးဒုက္ခသည်များကို ဦးစားပေးအဖြစ် ပထမဆုံး အထောက်အပံ့များ ပေးရမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်” ဟု ၎င်းက ရေးသားသည်။

Move Forward Party(MFP)ပါတီခေါင်းဆောင်ပီတသည် အခြားသော ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံပါတီများနှင့်ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခွင့် ရရှိရန် ကြိုးပမ်းနေပြီး ထိုင်းစစ်တပ်ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှု ရရှိပါက ပီတဦးဆောင်သော အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။