Connect with us

Hi, what are you looking for?

သတင်း

မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ

သာမာန်လူသတ်မှုကိုပင် လာမစစ်ဆေးရဲဘဲ မနက်မိုးလင်းမှ လုံခြုံရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများ အကြောက်တရားကြီးစိုးနေခြင်းဟု ဒေသခံများက မှတ်ချက်ပြုသည်။

မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ
မဲဇလီကုန်းမြို့ ရပ်ကွက်(၃)အုပ်ကြီးအသတ်ခံရမှု စစ်ကောင်စီ ချက်ချင်းလာမစစ်ဆေးရဲ

ဧရာဝတီတိုင်း၊ မဲဇလီကုန်းမြို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ညက အသတ်ခံရသည့်အမှုကို ညတွင်းချင်း လာမစစ်ဆေးရဲဘဲ ယနေ့ နံနက်မှ လုံခြုံ‌ရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မဲဇလီကုန်းမြို့ရှိ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် ယမန်နေ့(မေလ၂၃ရက်) ညနေ၆ နာရီခန့်က ၎င်း၏ လယ်ထဲတွင် ဓားထိုးခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

” အလောင်းကို လယ်ထဲမှာတွေ့တာ။ တွေ့တွေ့ချင်း ရဲကို လှမ်းအကြောင်းကြားတယ်။ သူတို့မလာဘူးတဲ့။ မလာရဲကြတာ။ မနက်မှလာမယ် ပြောတယ်။မနက်မှ ရောက်လာတယ်ဗျာ”ဟု မဲဇလီကုန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ရဲတပ်ဖွဲ့ဝင် ခြောက်ဦးက ယနေ့(မေလ ၂၄ရက်) နံနက် ၇နာရီခန့်မှသာ လက်နက်အပြည့်အစုံဖြင့်ရောက်လာသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဦးကျော်ဝင်းသည် စစ်ကောင်စီ၏ သတင်းပေးအဖြစ် နာမည်ကြီးပြီး ပြီးခဲ့သည့်လတွင် စစ်ကောင်စီက ရက်ကွက်အုပ်ချုပ်ရေးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးပြဿနာကြောင့်အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဝမ်းဗိုက်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီးမည်သူက သတ်သွားသည်ကို မသိရသေးပေ။

သာမာန်လူသတ်မှုကိုပင် လာမစစ်ဆေးရဲဘဲ မနက်မိုးလင်းမှ လုံခြုံရေးအင်အားအများအပြားဖြင့် လာရောက်စစ်ဆေးခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံများ အကြောက်တရားကြီးစိုးနေခြင်းဟု ဒေသခံများက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

Facebook