Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ထောက်ပံ့မယ့် F-16တွေက ပဉ္စလက် လက်နက်တွေ မဟုတ်ဘူးလို့ အမေရိကန် စစ်တပ်အကြီးအကဲ သတိပေး

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ပေမယ့် ယူကရိန်း လေယာဉ်မှူးတွေကိုတော့ F-16တွေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် မောင်းနှင်တတ်အောင် လေ့ကျင့် သင်တန်းပေးဖို့ အမေရိကန်က ကူညီမယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်းကို ထောက်ပံ့မယ့် F-16တွေက ပဉ္စလက် လက်နက်တွေ မဟုတ်ဘူးလို့ အမေရိကန် စစ်တပ်အကြီးအကဲ သတိပေး
ယူကရိန်းကို ထောက်ပံ့မယ့် F-16တွေက ပဉ္စလက် လက်နက်တွေ မဟုတ်ဘူးလို့ အမေရိကန် စစ်တပ်အကြီးအကဲ သတိပေး

ယူကရိန်းအတွက် F-16တွေ ဝိုင်းဝန်း ထောက်ပံ့ပေးကြမယ့် မဟာမိတ် နိုင်ငံတွေရဲ့ သဘောထားကို ထောက်ခံ အားပေးပေမယ့် အဲဒီ တိုက်လေယာဉ်တွေဟာ ပဉ္စလက်ဆန်တဲ့ လက်နက်တွေ မဟုတ်ဘူး ဆိုတာကိုတော့ နားလည်သင့်ကြောင်း အမေရိကန် စစ်တပ် အကြီးအကဲက သတိပေးသွားပါတယ်။

အမေရိကန်လုပ် စတုတ္ထမျိုးဆက် F-16 တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းက ကာလရှည်ကြာ တောင်းဆိုနေတဲ့ စစ်လက်နက် အမျိုးအစား တခုဖြစ်ပါတယ်။ အဲဒီ လေယာဉ်တွေဟာ ယူကရိန်းလေတပ် လတ်တလော ပိုင်ဆိုင်ထားသမျှ တိုက်လေယာဉ် အားလုံးထက် နည်းပညာပိုင်း အများကြီး ပိုမြင့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အနောက် ဥရောပ မဟာမိတ်တွေဆီမှာ ရှိနေတဲ့ F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ပို့ဆောင်မယ့် အစီအမံတွေ ညှိနှိုင်း လုပ်ဆောင်လာခဲ့ပြီး အမေရိကန်ကလည်း အဲဒီ ကိစ္စကို ကြားဝင် ဟန့်တားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ပေမယ့် ယူကရိန်း လေယာဉ်မှူးတွေကိုတော့ F-16တွေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် မောင်းနှင်တတ်အောင် လေ့ကျင့် သင်တန်းပေးဖို့ အမေရိကန်က ကူညီမယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မတ်ခ် မီလာက ရုရှားမှာ စတုတ္ထမျိုးဆက် တိုက်လေယာဉ် အစီး ၁၀၀၀ ရှိကြောင်း၊ ရုရှားရဲ့ လေတပ် စစ်ရေး စွမ်းရည်ကို သူတင်ကိုယ်တင် တုံ့ပြန်ဖို့ဆိုရင် အတော်လေး များပြားတဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေအပြင် နည်းပညာ ပိုမြင့်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေပါ လိုအပ်မှာဖြစ်ကြောင်း မီလာက ဆိုပါတယ်။

သူ့အမြင်မှာတော့ ပိုပြီး ထိရောက်တဲ့ နည်းလမ်းဟာ စစ်မြေပြင်တွေမှာ လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ဖြန့်ကျက်ထားပြီး ရုရှားရဲ့ ဝေဟင်ပိုင်နက် ကြီးစိုးမှု ဖြန့်ကျက်လာတာကို တားဆီးခြင်းသာ ဖြစ်ကြောင်းလည်း မီလာက မှတ်ချက် ပေးခဲ့ပါတယ်။ F-16တွေဟာ ရုရှားရဲ့ တိုက်လေယာဉ်တွေကို ယှဉ်ပြိုင်ရာမှာ လက်ရှိ ယူကရိန်း အသုံးပြုနေတဲ့ MiG-29တွေထက် အများကြီး ပိုပြီး ထိရောက်နိုင်တဲ့တိုင် အစစ အရာရာ အပြောင်းအလဲတွေ ဖြစ်သွားစေမယ့် ပဉ္စလက်ဆန်ဆန် လက်နက်တွေတော့ မဟုတ်ဘူးလို့လည်း မီလာက ထောက်ပြခဲ့ပါတယ်။

ရေရှည်မှာ ယူကရိန်းအတွက် အထောက်အကူ ဖြစ်စေမယ် ဆိုပေမယ့် F-16 တိုက်လေယာဉ်တွေဟာ စစ်ပွဲရဲ့ လားရာကို တဆစ်ချိုး ပြောင်းလဲနိုင်ဖို့တော့ မလွယ်ဘူးလို့လည်း သူက သုံးသပ်ပြခဲ့ပါတယ်။ နောက်ပြီး စျေးကြီးတဲ့ တိုက်လေယာဉ်တွေထက်စာရင် မြေပြင်အခြေစိုက် လက်နက်ကြီးတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ပိုပြီး လက်တွေ့ကျကျ အသုံးဝင်နိုင်တယ်လို့လည်း မီလာက ထောက်ပြပါတယ်။

F-16 တိုက်လေယာဉ် ၁၀ စီးအတွက် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျပြီး ပြုပြင်ထိန်းသိမ်းမှု စရိတ်တွေအတွက် ဒေါ်လာ ၁ ဘီလီယံ ထပ်ကုန်မှာဖြစ်ကြောင်း၊ တနည်းအားဖြင့် လေယာဉ် ၁၀ စီးအတွက်တင် ဒေါ်လာ ၂ ဘီလီယံ သုံးလိုက်ရပြီး ဖြစ်ကြောင်း၊ ဒီအခြေအနေက ယူကရိန်းရဲ့ စစ်စရိတ်ကို အကြီးအကျယ် ထောင်းလာစေနိုင်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ F-16တွေဟာ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုနိုင်စွမ်း ရှိတာကြောင့် ရုရှားရဲ့ မြေပြင် ခံစစ်တွေကို ကျော်လွှားပြီး အရေးကြီးတဲ့ ပစ်မှတ်တွေကို ချေမှုန်းနိုင်ပြီး အဲဒီအချက်က ယူကရိန်း စစ်တပ်အတွက် အားသာချက် ကြီးကြီးမားမား ရရှိလာစေလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။