Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက မြို့၊ရွာများသို့ လက်နက်ကြီးများပစ်ခတ်ပြီး တော်လှန်ရေးတပ်များလုပ်သည်ဟု ဝါဒဖြန့်ဟု KNU အသိပေး

စစ်ကောင်စီတပ်သည် KNUနယ်မြေများရှိ ကျေးရွာများအတွင်းလက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီက မြို့၊ရွာများသို့ လက်နက်ကြီးများပစ်ခတ်ပြီး တော်လှန်ရေးတပ်များလုပ်သည်ဟု ဝါဒဖြန့်ဟု KNU အသိပေး
စစ်ကောင်စီက မြို့၊ရွာများသို့ လက်နက်ကြီးများပစ်ခတ်ပြီး တော်လှန်ရေးတပ်များလုပ်သည်ဟု ဝါဒဖြန့်ဟု KNU အသိပေး

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် လက်အောက်ခံတပ်များသည် အပြစ်မဲ့ပြည်သူလူထုများအား ရန်သူသဖွယ် ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရအမြတ်ထုတ်ဖို့ရန် အဖျက် အမှောင့် ဗျူဟာများအား စနစ်တကျ စီစဉ်လုပ်ဆောင်လျှက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်သည်။

ထိုသို့လုပ်ဆောင်ရာ၌ လက်နက်ကြီးများအား ပြည်သူနေမြို့ရွာများအတွင်းသို့ ဦးတည်ပစ်ခတ်၍ တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုကာ ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများအား အထူးလုပ်ဆောင်လျှက်ရှိနေကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့ (မေလ ၂၉ ရက်) နံနက်တွင် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ်(၁)ဗျူဟာကုန်းမှ (၁၂၀)မမဖြင့် ကြာအင်းဆိပ်ကြီးမြို့သို့ ရည်ရွယ်ချက်ရှိရှိ စနစ်တစ်ကျ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ စစ်ကောင်စီ တရားရေးဌာနရုံးနှင့် ရဲစခန်းအနားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း၊ အမိုးသွပ်ပြားတစ်ချို့နှင့် စစ်ကောင်စီရဲဌာန မိသားစုများနေထိုင်ရာ အဆောက်အဦးတစ်ချို့ လက်နက်ကြီး ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း နယ်မြေခံပြည်သူများကို ကိုးကားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် KNUနယ်မြေများရှိ ကျေးရွာများအတွင်းလက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook