Connect with us

Hi, what are you looking for?

သတင်း

NLD စီမံဘဏ္ဍာဒုဝန်ကြီး ထောင်ဒဏ်ရက် စေ့လို့ပြန်လွတ်လာ

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေပြီး အမှုတွဲဖြစ်သူ ၄ ဦးလုံး လွတ်မြောက်လာပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်ပုဒ်မနဲ့ ထောင် ၃ နှစ်ချထားတဲ့ NLD အစိုးရ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ရမည်းသင်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာပါပြီ။

ဒုဝန်ကြီး ဦးဆက်အောင်ဟာ လွတ်ငြိမ်းနဲ့လွတ်မြောက်တာမဟုတ်ဘဲ ထောင်ဒဏ်ရက်စေ့လို့ ပြန်လွတ်လာတာတာလို့ ရမည်းသင်းထောင်နဲ့ အဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

အာဏာသိမ်းပြီးနောက် NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ဖမ်းဆီးခဲ့ပြီး သူရဲ့ကွန်ပြုတာထဲမှာ နိုင်ငံရဲ့စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုကာ စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ပုဒ်မတရားစွဲတာပါ။

တရားစွဲခံရသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ခဲ့သူ ဦးကျော်ဝင်း ၊ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နဲ့ ရှောင်တာနယ်တို့ဖြစ်ပါတယ်။ သူတို့ ၅ ဦးကို စစ်ကောင်စီက ထောင် ၃ နှစ်စီချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေပြီး အမှုတွဲဖြစ်သူ ၄ ဦးလုံး လွတ်မြောက်လာပြီဖြစ်ပါတယ်။

ဒီနေ့မှာ လွတ်မြောက်လာတဲ့ ဦးဆက်အောင်ဟာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။