Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင်တစ်​နေကုန်နီးပါတိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ကို (MBPDF B-01) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)

▪︎စစ်တပ်မှ ၁၀ ဦးထက်မနည်း​သေ၊ က​လေးငယ်တစ်ဦး​သေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ

မိုးဗြဲမြို့ထဲသို့ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်​ပေါင်းစုတို့ ယ​နေ့၈ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

“မိုးဗြဲ မြို့ရဲ့ အဝင်အထွက်လမ်းတွေကို စကစ ဘက် က ပိတ်လိုက်တယ်။ပြီးတော့ ညောင်ဝိုင်း ရပ်ကွက် ဘက်မှာ သူတို့ တပ်စွဲထားတဲ့နေရာ ကို အားဖြည့် တယ်။အဲဒကြောင့် တိုက်ပွဲ က ပြင်းထန်တာ။လက် နက်ကြီးက လည်း တနေကုန်နီးပါးကျတာ။ဒဏ်ရာရသေဆုံးတဲ့ပြည်သူအချို့ရှိတယ်”ဟု မိုးဗြဲ မြို့ခံစစ်ရေး သတင်းရင်းမြစ်က People’s Spring သို့ပြောသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)

ယနေ့(ဇွန်လ ၅ ရက်)နံနက်ပိုင်းကစ၍ ညနေပိုင်းအထိတစ်​နေကုန်နီးပါးပြင်းထန်စွာဖြစ်ပွားခဲ့​သောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများပြားကာ ၊ကရင်နီပူး​ပေါင်းတပ်မှ ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က လည်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကို (MBPDF B-01) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တာဝေးပစ်လနက်ကြီးပစ်ကူမှု အကြိမ် (၁၀၀) ထက်မနည်း အသုံးပြုပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၁၀) နှစ်အောက်ကလေး ငယ်တစ်ဦး ​သေဆုံးခဲ့သည်။ထိုအပြင် အရပ်သားနေအိမ် (၂) လုံးမီးလောင်ကာ​နေအိမ်အချို့ပျက်စီးခဲ့သည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်နှင့် ဒဏ်ရာရကရက်နီတပ်ဖွဲ့ဝင်ကို အခြားရဲ​ဘော်များကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-MBPDF)

အလားတူ ယမန်နေ့ညတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်​သောကြောင့် မိုးဗြဲမြို့ခံ အရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ် များအကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ရန် နှင့် လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန် မိုဗြဲPDF ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။