Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လောက်ကိုင်မှ စစ်ကောင်စီယာဉ်အစီး ၂၀ခန့် တိုက်ပွဲဖြစ်နေသည့် တာရွှေထန်သို့ ဦးတည်ထွက်ခွာ

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁ရက်တွင် မိုင်းလား၌ တွေ့ဆုံဆွေးနွေးပြီးနောက် ဇွန်လ ၂ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေခြင်းဖြစ်သည်။

(လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့် စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်)
(လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့် စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်)

▪️တိုက်ပွဲများဆက်ဖြစ်နိုင်ဟု ကိုးကန့်သတင်းရင်းမြစ်ပြော

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကားအစီး ၂၀ခန့်မှာ လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ ထုတ်ပြန်သည်။

စစ်ရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန် ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်များ ထွက်ခွာသွားသည့် တာရွှေထန်ဘက်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည် ဟု ကိုးကန့် သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“ဒီနေ့မနက် ကား ၂၀စီးလောက်ရှိတယ်။ သူတို့တက်သွားတာ။ လောက်ကိုင်ကနေ တာရွှေထန်ဘက် တက်သွားတာ။ တိုက်ပွဲက ဒီရက်ပိုင်းမှာ တာရွှေထန်ဘက်လည်း ဖြစ်တယ်။ လောက်ကိုင်ဘက်လည်းဖြစ်တယ်။ ကိုးကန့်မှာလေ။ ၆လပိုင်း ၅ရက် နေ့က လားရှိုးမှာလည်းဖြစ်တယ်။ အခုက သူတို့ တာရွှေထန်ဘက်သွားတာ စစ်တပ်သွားပို့တာ”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသ၌ MNDAA တပ်မဟာ(၅၁၁)၏ တပ်စခန်းများရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှု သတင်းမရသေးသော်လည်း ဇွန်လ ၄ရက်နှင့် ၅ရက်တွင် ကိုးကန့် ဒေသ၌ နေရာ လေးခုထက်မနည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ကားတစ်စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးထိခိုက်မှုရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

လောက်ကိုင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူစစ် များပူးပေါင်း၍ MNDAA တပ်စခန်းများရှိရာသို့ ထိုးစစ်ဆင်လာ၍ ဇွန်လ ၂ရက်မှစ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယခု စစ်ကောင်စီတပ်က စစ်အင်အားများဖြည့်တင်းလာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောကြားသည်။

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁ရက်တွင် မိုင်းလား၌ တွေ့ဆုံဆွေးနွေးပြီးနောက် ဇွန်လ ၂ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။