Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မှ စစ်ကောင်စီယာဉ်အစီး ၂၀ခန့် တိုက်ပွဲဖြစ်နေသည့် တာရွှေထန်သို့ ဦးတည်ထွက်ခွာ

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁ရက်တွင် မိုင်းလား၌ တွေ့ဆုံဆွေးနွေးပြီးနောက် ဇွန်လ ၂ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေခြင်းဖြစ်သည်။

(လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့် စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်)
(လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားသည့် စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်)

▪️တိုက်ပွဲများဆက်ဖြစ်နိုင်ဟု ကိုးကန့်သတင်းရင်းမြစ်ပြော

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကားအစီး ၂၀ခန့်မှာ လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ ထုတ်ပြန်သည်။

စစ်ရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန် ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်များ ထွက်ခွာသွားသည့် တာရွှေထန်ဘက်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည် ဟု ကိုးကန့် သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“ဒီနေ့မနက် ကား ၂၀စီးလောက်ရှိတယ်။ သူတို့တက်သွားတာ။ လောက်ကိုင်ကနေ တာရွှေထန်ဘက် တက်သွားတာ။ တိုက်ပွဲက ဒီရက်ပိုင်းမှာ တာရွှေထန်ဘက်လည်း ဖြစ်တယ်။ လောက်ကိုင်ဘက်လည်းဖြစ်တယ်။ ကိုးကန့်မှာလေ။ ၆လပိုင်း ၅ရက် နေ့က လားရှိုးမှာလည်းဖြစ်တယ်။ အခုက သူတို့ တာရွှေထန်ဘက်သွားတာ စစ်တပ်သွားပို့တာ”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသ၌ MNDAA တပ်မဟာ(၅၁၁)၏ တပ်စခန်းများရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှု သတင်းမရသေးသော်လည်း ဇွန်လ ၄ရက်နှင့် ၅ရက်တွင် ကိုးကန့် ဒေသ၌ နေရာ လေးခုထက်မနည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ကားတစ်စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးထိခိုက်မှုရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

လောက်ကိုင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူစစ် များပူးပေါင်း၍ MNDAA တပ်စခန်းများရှိရာသို့ ထိုးစစ်ဆင်လာ၍ ဇွန်လ ၂ရက်မှစ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယခု စစ်ကောင်စီတပ်က စစ်အင်အားများဖြည့်တင်းလာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောကြားသည်။

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁ရက်တွင် မိုင်းလား၌ တွေ့ဆုံဆွေးနွေးပြီးနောက် ဇွန်လ ၂ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ် ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။