Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဒီမိုကရေစီကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ပြော

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လေ့လာဖို့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ အထက်ပါကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဒီနေ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ဒီမိုကရေစီကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ နယူးယောက်မြို့ကိုရောက်ရှိနေတဲ့ တောင်ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးစီးတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လေ့လာဖို့နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဖို့ အမေရိကန်ကိုရောက်ရှိနေတဲ့ အထက်ပါကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဒီနေ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာပါ။

တောင်ကိုရီးယားအစိုးရနဲ့ အနိုင်ရပါတီ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဆုန်ယောင်ဂီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီသွားမယ်လို့ ပြောဆိုထားပြီး မြန်မာပြည်သူတွေရဲ့ခံစားချက်နဲ့ နာကျင်မှုတွေကို ကိုယ်ချင်းစာကြောင်း ထုတ် ဖော်ပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရဲစွမ်းသတ္တိကိုလည်း တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဆုန်ယောင်ဂီးဟာ လာမယ့်အစိုးရသက်တမ်းမှာ တောင်ကိုရီး ယားရဲ့ သမ္မတဖြစ်လာမယ်လို့ ထင်ကြေးပေးခံရသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။