Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီတပ်တွေအလစ်အငိုက်တိုက်ခိုက်ခံရ

ဖာပွန်ဒေသမှာ အခြေချတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေက ဇွန်လ ၁ရက်ကစတင်ပြီး ၃ ရက်ကြာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်ရေးလှုပ်ရှားနေတဲ့ KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
စစ်ရေးလှုပ်ရှားနေတဲ့ KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်(ဖာပွန်) မှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ရှောင်တခင်ဝင်တိုက်ခဲ့တယ်လို့ KNU ဘက်က စစ်ရေးသတင်းထုတ်ပြန်လာပါတယ်။

ဖာပွန်ဒေသမှာ အခြေချတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေက ဇွန်လ ၁ရက်ကစတင်ပြီး ၃ ရက်ကြာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

၃ ရက်တာ ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU ဘက်က ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့အကျအဆုံးကို ထုတ်ပြန်လေ့မရှိဘဲ လျှိုဝှက်ထားပါတယ်။

KNU တပ်မဟာ ၅ နယ်မြေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အကျအဆုံးများ ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

KNU ရဲ့ စာရင်းအရအာဏာသိမ်းပြီး ၂ နှစ်တာအတွင်း တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲအကြိမ်ရေ ၅ ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို