Connect with us

Hi, what are you looking for?

News

အာဆီယံ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးကိစ္စ မြန်မာ စစ်ခေါင်းဆောင် မငြင်းဆန်ခဲ့ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ပြော

မြန်မာ့အရေးမှာ ကြားဝင် စေ့စပ်ပေးဖို့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေး အဆိုပြုချက်ကို မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင်က မဆန့်ကျင်ခဲ့ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားသွားပါတယ်။

ဧပြီ ၂၄ ရက်က အာဆီယံ အစည်းအဝေးမှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းဖို့ အဖွဲ့ဝင် နိုင်ငံတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ စစ်တပ် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

စင်ကာပူ ဝန်ကြီးချုပ်က မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လိုလား မျှော်လင့်တဲ့ ရလဒ် ၆ ခုလောက်ကို မင်းအောင်လှိုင်ဆီ အသိပေး ပြောကြားခဲ့ပြီး အဲဒီထဲမှာ အာဆီယံ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ဖို့ဆိုတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ သိရပါတယ်။

တခြား တောင်းဆိုမှုတွေကတော့ လက်နက်မဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် အင်အားသုံး ဖြိုခွင်းတာတွေ ရပ်တန့်ဖို့။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ အာဆီယံ ဦးဆောင်တဲ့ လူသားချင်း စာနာမှု အထောက်အပံ့ လမ်းကြောင်းတွေ ဖွင့်လှစ်ပေးဖို့ အစရှိတာတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူနဲ့ အာဆီယံရဲ့ လိုလားချက်တွေကို သူကြားသိကြောင်း၊ အဲဒီထဲကမှ အထောက်အကူ ဖြစ်စေမယ်လို့ ယူဆရတဲ့ အချက်တွေကို လက်ခံပါကြောင်း၊ အာဆီယံက အပြုသဘောဆန်တဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတာရော၊ ဒါမှမဟုတ် အာဆီယံ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်ကိုရော၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ ကိစ္စတွေကိုရော သူ့အနေနဲ့ မဆန့်ကျင်ကြောင်း၊ ပြီးတော့ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေအတွက် အာဆီယံနဲ့လည်း ရှေ့ဆက် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း မင်းအောင်လှိုင်ဖက်က တုံ့ပြန်ခဲ့တယ်လို့ လီက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အခုဆိုရင် အာဆီယံဟာ မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့ ညှိနှိုင်း ဆွေးနွေးမယ့် ကိုယ်စားလှယ် အဖွဲ့ တစ်ခုကို ဖွဲ့စည်းနိုင်ဖို့ အာရုံစိုက် ဆောင်ရွက်သွားတော့မယ်လို့ ယူဆကြောင်းလည်း ဝန်ကြီးချုပ် လီက မှတ်ချက် ပေးခဲ့ပါတယ်။ ဒီအဖွဲ့မှာ စင်ကာပူ အစိုးရကို ကိုယ်စားပြုပြီး ဘယ်သူ သွားရောက်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့တော့ စောလွန်းနေသေးတယ်လို့လည်း ဆိုပါတယ်။

ခြုံပြီး ပြောရရင်တော့ ဆွေးနွေးပွဲဟာ အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ ဆိုနိုင်ပြီး နောက်ထပ် ခြေလှမ်းတွေအတွက် လမ်းညွှန်ပေးခဲ့ကြောင်း၊ အာဆီယံ အဖွဲ့ဝင်တွေ မတွေ့ဆုံဖြစ်ခဲ့ဘူးဆိုရင်၊ ဒါမှမဟုတ် ဒီကိစ္စအပေါ် အပြီးသတ် ဆောင်ရွက်မှုတစ်ခု အကောင်အထည် မဖော်နိုင်ခဲ့ဘူးဆိုရင် အခြေအနေတွေက အရမ်း ဆိုးရွားသွားနိုင်တယ်လို့လည်း လီက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။