Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မုန်တိုင်းသင့်ပြည်သူများ အရေးပေါ်အကူအညီ ဆက်လက်လိုအပ်နေ

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုထုတ်ပြန်ခဲ့ရာ ရွာပေါင်း နှစ်ထောင်ကျော်မှ အိမ်ခြေ သုံးသိန်းနီးပါး ပျက်စီးကာ လူဦးရေ တစ်သန်းခွဲကျော် ထိခိုက်ခံစားခဲ့ရသည်ဟုဆိုသည်။

(မိုခါမုန်တိုင်းဝင်​ရောက်တိုက်ခတ်ပြီးနောက် စစ်​တွေမြို့တစ်နေရာကို ​မေ ၁၅ရက်က မြင်တွေ့ရစဥ် ။ဓာတ်ပုံ - CJ)
(မိုခါမုန်တိုင်းဝင်​ရောက်တိုက်ခတ်ပြီးနောက် စစ်​တွေမြို့တစ်နေရာကို ​မေ ၁၅ရက်က မြင်တွေ့ရစဥ် ။ဓာတ်ပုံ - CJ)

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသခံ ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီများ ဆက်လက်လိုအပ်လျက်ရှိနေကြောင်း ရက္ခိုင့်တပ်တော်(AA) က ဖွဲ့စည်းထားသည့် မိုခါမုန်တိုင်းဒဏ်သင့် အရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီက ယမန်နေ့တွင်ထုတ်ပြန်သည်။

မုန်တိုင်းတစ်လပြည့်နေ့တွင် ကော်မတီက မုန်တိုင်းကြောင့်ပျက်စီးမှုနှင့် အကူအညီများဆက်လက်လိုအပ်နေမှုတို့ကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပြည်တွင်း ပြည်ပ စုပေါင်း သို့မဟုတ် တသီးပုဂ္ဂလ အလှူရှင်များ အပါအဝင် လူသားချင်းစာနာထောက်ထားသောစိတ်ဓာတ်ဖြင့် ထည့်ဝင်လှူဒါန်းကြသော သူများအားလုံးကို အာရက္ခ ပြည်သူများ ကိုယ်စားအထူးကျေးဇူးတင်ကြောင်း၊ လက်ခံရရှိထားသော အလှူငွေများနှင့် အကူအညီများကိုစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့ရာတွင် လိုအပ်ချက်နှင့် အကူအညီများ ကာမိခြင်းမရှိသေးဘဲ အရေးပေါ် အကူအညီများမှာ ဆက်လက်၍ လိုအပ်နေဆဲဖြစ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အရေးပေါ်ကယ်ဆယ်ရေးနှင့် အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရေး ကူညီပေးနေသည့် AA တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများ၊ လူငယ်များ၊ ကူညီစောင်ရွက်ပေးနေသူများနှင့် အရေးပေါ် အကူအညီများချောမွေ့စွာ လျင်မြန်စွာ ရောက်ရှိနိုင်ရေး သယ်ယူပို့ဆောင်ပေးကြသော ကုန်းလမ်း ၊ ရေလမ်းမှ ယာဉ်မောင်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင်သည်ဟုဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုထုတ်ပြန်ခဲ့ရာ ရွာပေါင်း နှစ်ထောင်ကျော်မှ အိမ်ခြေ သုံးသိန်းနီးပါး ပျက်စီးကာ လူဦးရေ တစ်သန်းခွဲကျော် ထိခိုက်ခံစားခဲ့ရသည်ဟုဆိုသည်။

စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊မြောက်ဦး တို့၌ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း၊ စစ်တွေမြို့နယ်မှလူဦးရေ ၁၀၀ ကျော်အပါအဝင် ၁၆၄ ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

စာသင်ကျောင်း ၂၀၀၀ ကျော်၊ဆေးရုံဆေးခန်းအပါအဝင် ကျန်းမာရေးအဆောက်အဦး ၂၀၀ နီးပါး၊ ဘာသာရေးအဆောက်အဦး ၁၉၀၀ ကျော်၊ ရေတွင်းရေကန် ၃၆၀ကျော် ပျက်စီးခဲ့ပြီး ကျွဲ၊နွား တိရိစ္ဆာန် တစ်သောင်းနီးပါး သေဆုံးခဲ့သည်ဟု ကော်မတီက ထုတ်ပြန်သည်။

အရေးတကြီးလိုအပ်နေသည့် အကူအညီများမှာ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆေးဝါး၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့၊ အရေးပေါ်အဆောက်အအုံများ၊ ဆိုလာ၊လျှပ်စစ်မီး၊ အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်ရေးတို့ဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

Facebook