Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းမီးပုံမှန်မပေးတော့လို့ လုယက်မှုမကြာခဏ ဖြစ်ပွားတဲ့နေရာလို့လည်းသိရပါတယ်။

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် မှာ မနေ့ ဇွန်လ ၁၅ ရက်ညပိုင်းက ဆိုင်ကယ်စီးအမျိုးသမီး တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ညပိုင်း ၇ နာရီခန့်က ချမ်းမြသာယာရပ်ကွက် ၊ မြဝတီမင်းကြီးလမ်း ၊မန္တလေး − လားရှိုးသံလမ်းဘေးမှာ ပစ်ခတ်ခံရတာပါ။

Public Service Announcement
Public Service Announcement

ပစ်ခတ်ခံရသူအမျိုးသမီးဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး တစ်ဦးတည်းဆိုင်ကယ်မောင်းလာချိန်မှာ အနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်စီးအမျိုးသား ၃ ဦးက သေနတ်နဲ့ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပြပါတယ်။

ပစ်ခတ်ခံရတဲ့အမျိုးသမီးဟာ ပခုံးကို ထိမှန်သွားလို့ မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းမီးပုံမှန်မပေးတော့လို့ လုယက်မှုမကြာခဏ ဖြစ်ပွားတဲ့နေရာလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။