Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့ စခန်းသိမ်းတိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၁၁ဦးခန့်ရှိ

လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

▪︎နယ်စပ်မှတ်တိုင် ဘီပီ ၁၃ ရှိ စစ်ကောင်စီတပ်စခန်းစခန်းကိုစွန့်ခွာ၊ မယ်စဲ့သို့အင်အားဖြည့်နေ၍ တိုက်ပွဲပြင်းထန်နိုင်ဟုဆို

“အုပ်ချုပ်ရေးအဖွဲ့တွေ၊ထွေအုပ်တောင်(စစ်​ကောင်စီဝန်ထမ်းများ) စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်” -ကရင်နီစစ်ဘက် သတင်းရင်းမြစ်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်များက ဇွန်လ ၁၃ရက်တွင် စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ကောင်စီတပ်သား ၁၁ဦး ခန့် ရှိသည်ဟု သတင်းရရှိ​ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပထမတော့ ၇ယောက်လို့ပြောတယ်နောက်ပိုင်း ၁၁ယောက်လို့ပြောတယ်။ဟိုတနေ့က တိုက်ပွဲဖြစ်တော့ သူတို့ တပ်စခန်းမှာ မနေရဲဘဲထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် ယနေ့ (​ဇွန် ၁၆) ညနေပိုင်းတွင်မြန်မာ-ထိုင်းနယ်စပ်မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုမှ စစ်ကောင်စီတပ်သားများလ‌ည်း စခန်းကို စွန့်ခွာသွားသည်ဟုသိရသည်။

“ဒီနေ့ညနေမှာဘီပီ – ၁၃ စခန်းက အကုန်လုံးထွက်ပြေး‌ပြီ ပြောတယ်။ သူကလက်နက်ကြီးကုန်းတစ်ကုန်းရှိသေးတယ်။

Public Service Announcement

Public Service Announcement

ဘီပီ ၁၃ကနေ လက်နက်ကြီး ကုန်းကို ဆုတ်ပြေးသွားတာ” ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။

“နောက်တစ်ရက်၊နှစ်ရက်တိုက်ပွဲထပ်ပြင်းမယ်”ဟုကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၃ရက် စခန်းသိမ်းတိုက်ပွဲများအပြီး စစ်ကောင်စီတပ်က လေကြောင်း မှတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီ ဝန်ထမ်းများ (Non-CDM များ )နေထိုင်​သော ဝန်ထမ်းအိမ်ယာများပင် ထိမှန်ခဲ့ခြင်းကြောင့် စစ်​ကောင်စီဝန်ထမ်းများလည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြရသည်ဟု​ဒေသခံအချို့က​ပြောသည်။

Public Service Announcement
Public Service Announcement

“ဝန်ထမ်းတွေက ကျန်းမာရေးဝန်ထမ်းတို့ပညာရေးဝန်ထမ်းတို့ Non CDMတွေ။ အုပ်ချုပ်ရေးအဖွဲ့တွေ ထွေအုပ်တောင် စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်။” ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

​တိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူများမှာထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရာ ဇွန် ၁၅ ရက်အထိ့စစ်​ဘေး​ရှောင်ပြည်သူ ၃၀၀၀ ​ကျော်ရှိ​နေပြီဖြစ်​ကြောင်း ထိုင်းသတင်းဌာနများက​ဖော်ပြသည်။လတ်တ​​လောတွင် ထိုင်းနိုင်ငံ ၊မယ်​ဟောင်​ဆောင်၌ ထိုင်းအာဏာပိုင်များကသတ်မှတ်ထား​သော​နေရာတွင် ခိုလှုံ​နေကြရခြင်းဖြစ်သည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

မယ်စဲဒေသ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှသေဆုံးသူများ၊ ဒဏ်ရာရသူများရှိသကဲ့သို့ ဘေးလွတ်ရာသို့ ထွက်ပြေးသူများလည်းရှိပြီး ယခုအခါအဆိုပါ စခန်းသိမ်းတိုက်ခိုက်ခံရသည့် တပ်စခန်းများ၌ စစ်ကောင်စီတပ်သားများ ကုန်ပြီဟု မြေပြင်တပ်မှူးက ပြော​ကြောင်းကရင်နီ စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

“အခုကတော့ အလစ်ဝင်တိုက်တာ။နောက်ပြီးစခန်းတိုင်း တိုက်ပွဲအကြီး‌ကြီး မဖြစ်ဖူးဘူး။ သူတို့(စစ်ကောင်စီတပ်သားများ)လည်း ပေါ့ပေါ့တန်တန် နေတာမထင်မှတ်တဲ့အနေအထား ။ကျနော်တို့ဘက်ကလည်း အင်အားတွေ စု‌ပြီးတော့မှ လုပ်တဲ့ပွဲဆိုတော့ သူတို့ ရှိတဲ့အင်အားနဲ့သူတို့လည်း အထိနာတာပေါ့” ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် မယ်စဲ့မြို့ထဲသို့ စစ်ကောင်စီတပ်အချို့ ရောက်ရှိနေပြီဖြစ်ကြောင်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။