Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နယ် နန်ဆန်ယာန်ရွာအနီး KIAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ဟု ကချင်ဒေသခံပြော

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ဇွန်လ ၁၆ရက် နေ့လယ် ၃နာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

(နန်ဆန်ရွာအနီးတိုက်ပွဲ၌ KIAက သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(နန်ဆန်ရွာအနီးတိုက်ပွဲ၌ KIAက သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာအနီးရှိ နန်ဆန်ယာန်ချောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နန်ဆန်ယာန်ရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ဇွန်လ ၁၆ရက် နေ့လယ် ၃နာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

“ကျနော်တို့ဘက်က စပစ်တာ။ သူကလည်း လောလောဆယ် အင်အားပြချင်တာနဲ့ ဒီဘက်ကနေနည်းနည်းလေး ဆော်ပေးလိုက်တာ။ အခြေအနေကသူတို့အင်အားနဲ့ တက်လာခဲ့လို့ ဖြစ်တာ။ အခြားအကြောင်းမရှိပါဘူး။အခု ဖြစ်တာက နန်ဆန်ယန်ချောင်းနားမှာပဲ”ဟု ဒေသခံက ပြောသည်။

အဆိုပါတိုက်ပွဲ၌ KIA ဘက်က ထိခိုက်မှုမရှိဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ခဲယမ်းလက်နက်တွေ သိမ်းဆည်းရတာရယ် (စစ်ကောင်စီ)အထိအခိုက်နည်းနည်းရှိတာရယ်ပဲ။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားတယ်ဆိုတော့လေ”ဟု နန်ဆန်ယာန်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဝိုင်းမော်မြို့နယ် နေပြည်သူတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားမှုကို မကြားရသေးသော်လည်း အဆိုပါဒေသ၌ တိုက်ပွဲငယ်များ ဖြစ်ပွားမှုရှိနိုင်သည်ဟုပြောသည်။

“နန်ဆန်ယာန်နဲ့ ဝိုင်းမော်ကတော့ ကားနဲ့သွားမယ်ဆိုရင် တစ်နာရီ ကျော်ကျော်လောက်တော့ မောင်းတာပေါ့။ နည်းနည်းပါးပါး ဖြစ်တာထင်တယ်။ တခါတလေတော့ နည်းနည်းပါးပါးတော့ ဖြစ်ကြတယ်။ ဟိုဘက်က (KIA)နဲ့ ဒီဘက်က ဗမာအစိုးရစစ်တပ်(စစ်ကောင်စီတပ်)နဲ့ နီးတယ်ဆိုတော့ ဖြစ်လည်းဖြစ်နိုင်ပါတယ်”ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIA နှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်းရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။