Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် နိုင်ငံတကာကို NUCC တိုက်တွန်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးများ ၃၆၀၇ ဦး ထိန်းသိမ်းခံထားရပြီး အမျိုးသမီး ၅၃၇ ဦး အသတ်ခံရကာ အမျိုးသမီး ၁၅ ဦး သေဒဏ်ချမှတ်ခံထားရသည်။

(ရန်ကုန်မြို့တစ်​​နေရာရှိ တံတားတစ်စင်းတွင် ​​ဒေါ်​အောင်ဆန်းစုကြည့်ပုံနှင့် We Miss You စာတမ်း​ရေးဆွဲ၍ ဆန္ဒထုတ်​ဖော်ထားစဥ်။ ဓာတ်ပုံ-YRF)
(ရန်ကုန်မြို့တစ်​​နေရာရှိ တံတားတစ်စင်းတွင် ​​ဒေါ်​အောင်ဆန်းစုကြည့်ပုံနှင့် We Miss You စာတမ်း​ရေးဆွဲ၍ ဆန္ဒထုတ်​ဖော်ထားစဥ်။ ဓာတ်ပုံ-YRF)

မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က နိုင်ငံတကာအသိုက်အဝန်းကို ယနေ့ တိုက်တွန်းသည်။

ယနေ့(ဇွန်လ ၁၉ ရက်)မှာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ အထိမ်းအမှတ်နေ့ဖြစ်သလို အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းကြောင့် အကျဉ်းချခံနေရသည့် မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။ ယင်းအထိမ်းအမှတ်နေ့တွင် ပြည်သူများ တရားမျှတမှုရရှိနိုင်ရန်နှင့် အာဏာရှင် အဆက်ဆက် ကျင့်သုံးနေသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေမှုအပေါ် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် အလေးထား၍ တိကျသော မူဝါများ ချမှတ်ကာ အကောင် အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု NUCC က ကတိပြုသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုမှ ကျူးလွန်လျှက်ရှိသော စစ်ရာဇဝတ်များကို ထိရောက် မြန်ဆန်စွာ အရေးယူဆောင်ရွက်ရန် NUCC ကတိုက်တွန်းသည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုများအပေါ် ယနေ့အချိန်အထိ စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော်လည်း အကြမ်းဖက်စစ်အုပ်စုမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးများ ၃၆၀၇ ဦး ထိန်းသိမ်းခံထားရပြီး အမျိုးသမီး ၅၃၇ ဦး အသတ်ခံရကာ အမျိုးသမီး ၁၅ ဦး သေဒဏ်ချမှတ်ခံထားရသည်။

ယနေ့ အသက် ၇၈ နှစ်ပြည့်ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် စစ်အစိုးရ နဝတ၊ နအဖ လက်ထက်တွင် နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းထောင်တွင် ၁၇ နှစ်မျှ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခု အချိန်တွင်လည်း စစ်အုပ်စုက အခြေအမြစ်မရှိသည့် မတရားသော စွဲချက်များဖြင့် အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခြင်း ခံထားရသည်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 16

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။