Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများအား နည်းမျိုးစုံဖြင့် သတ်ဖြတ်နေသော စစ်အုပ်စုကို ပံ့ပိုးကူညီမှုများအတွက် ရုရှားကို NUCC ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆက်ဆံနေခြင်းသည် မြန်မာပြည်သူပြည်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုကို အားပေးထောက်ခံခြင်း ဖြစ်သည့်အပြင် ကိုယ်တိုင်လည်း နိုင်ငံတကာ စည်းမျဉ်းများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ယူကရိန်းကို မတရား‌ကျူးကျော် ရန်စ သိမ်းပိုက်ရန် ကြံစည်နေသည့် ရုရှားနိုင်ငံကို NUCC က ရှုတ်ချကြောင်း ဖော်ပြသည်။

(အာဏာသိမ်းစစ်​ခေါင်​ဆောင်နှင့် ရုရှားသမ္မတပူတင် ၊ရုရှားကာကွယ်​ရေးဝန်ကြီးတို့ကို​အတူတွေ့ခဲ့ရစဥ်။ ဓါတ်ပုံ-Fulcrum၊ MODR)
(အာဏာသိမ်းစစ်​ခေါင်​ဆောင်နှင့် ရုရှားသမ္မတပူတင် ၊ရုရှားကာကွယ်​ရေးဝန်ကြီးတို့ကို​အတူတွေ့ခဲ့ရစဥ်။ ဓါတ်ပုံ-Fulcrum၊ MODR)

ရုရှားက စစ်ကောင်စီကို ကူညီနေခြင်းမှာ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အသက်ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခကို ပိုမို ခက်ခဲကြာရှည်အောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး အာဆီယံဒေသကို ထိန်းချုပ်လိုသည့် ရုရှား၏ ပထဝီနိုင်ငံရေး ရည်ရွယ်ချက်သာဖြစ်၍ ဒေသအတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်ပျက်ပြားစေသည့်အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်သည်။

ရုရှားသည် ၂၀၂၁ ဇွန်လ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံအား စစ်လက်နက်မရောင်းရန် သဘောတူညီချက်ကို လက်မှတ်မရေးထိုးခြင်း၊ စစ်လက်နက်များ ဆက်လက်ရောင်းချနေခြင်း၊ ၂၀၂၃ မေလတွင် ရုရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံတို့ အကြား လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးပြီး ဆောင်ရွက်နေခြင်းများကို တွေ့ရှိရကြောင်း NUCC က ဖော်ပြသည်။

ထို့အပြင် ရုရှားသည် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းအောင်လှိုင်အား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှုပံ့ပိုးခြင်းဖြင့် မြန်မာနိုင်ငံအတွင်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်လက္ခဏာ ဆောင်သောကြောင့် အမြန်ဆုံး ရပ်တန့်ရန် လိုအပ်ပြီး မြန်မာပြည်သူ လူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးအတွက် ပံ့ပိုးမှုများ ရပ်ဆိုင်းရန် သတိပေးသည်။

(အာဏာသိမ်းစစ်​ခေါင်​ဆောင်နှင့် ရုရှားသမ္မတပူတင် ၊ရုရှားကာကွယ်​ရေးဝန်ကြီးတို့ကို​အတူတွေ့ခဲ့ရစဥ်။ ဓါတ်ပုံ-Fulcrum၊ MODR)
(အာဏာသိမ်းစစ်​ခေါင်​ဆောင်နှင့် ရုရှားသမ္မတပူတင် ၊ရုရှားကာကွယ်​ရေးဝန်ကြီးတို့ကို​အတူတွေ့ခဲ့ရစဥ်။ ဓါတ်ပုံ-Fulcrum၊ MODR)

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆက်ဆံနေခြင်းသည် မြန်မာပြည်သူပြည်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုကို အားပေးထောက်ခံခြင်း ဖြစ်သည့်အပြင် ကိုယ်တိုင်လည်း နိုင်ငံတကာ စည်းမျဉ်းများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ယူကရိန်းကို မတရား‌ကျူးကျော် ရန်စ သိမ်းပိုက်ရန် ကြံစည်နေသည့် ရုရှားနိုင်ငံကို NUCC က ရှုတ်ချကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ရုရှားက အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေး၊ စစ်ရေး အားပေးကူညီနေမှုသည် အာဆီယံနှင့် သဘောတူညီထားချက်များကို စစ်အုပ်စုက ပို၍ မထေမဲ့မြင်ပြုနိုင်စေရန် ပံ့ပိုးမှုများဖြစ်စေပြီး ဒေသတွင်းရှိ အခြားသော နိုင်ငံများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြေရှင်းမှုအတွက် ဆောင်ရွက်နေမှု များကို ပျက်ပြားစေသည့်အပြင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ၊ လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများ ပိုမိုကျူးလွန်နိုင်ရန် ရုရှားက ဖန်တီးပေးနေခြင်းဖြစ်ကြောင်း NUCC က ရှုမြင်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သပ်၍ NUCC အဖွဲ့ဝင်များကိုလူထု​နွေဦးသတင်းဌာနကဆက်သွယ်​မေးမြန်းရန် ကြိုးစား​နေ​သော်လည်းဆက်သွယ်မရ​သေးပါ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။