Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီလှည့်ကင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်

ကျောက်ကြီးမြို့နယ်တွင် ဇွန် ၆ ရက်ကဖြစ်ပွားသည့် နတ်သံကွင်းရဲစခန်းနှင့် စစ်တောင်းမြစ်ကူးတံတားတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)

▪︎စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြီး လက်နက်ခဲယမ်းအချို့ရ

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ကင်းလှည့်ချိန်ထိပ်တိုက်တွ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)

KNU/KNLAတပ်မဟာ(၃)ထိန်းချုပ်နယ်မြေကျောက်ကြီး(လယ်ဒို)မြို့နယ် ဝါးပင်စုရွာအနီးတွင် ဇွန် ၂၀ ရက်နံနက်ပိုင်းက အင်အား ၈၀ ကျော်ဖြင့် နယ်မြေစိုးမိုးရေးကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF တပ်များ ထိပ်တိုက်​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ထိတွေ့တိုက်ပွဲ ၁ နာရီကျော် ကြာခဲ့တယ်။ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးမှု မရှိတော့ပါဘူး။ ကျောက်ကြီး နယ်မြေစိုးမိုးရေးအတွက်ကို သူတို့ အဓိကလုပ်နေတယ်။ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်နေရင်း ဖြစ်ပွားခဲ့တာပါ”ဟု KNLA တပ် ရင်း(၉)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲတွင်အထိနာသဖြင့် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံပြည်သူ့နေအိမ်အချို့ပျက်စီး​နေမှု။ဓါတ်ပုံ-​ပေးပို့)

အဆိုပါထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးပြီး KNLA၊ PDF ပူးပေါင်းတပ်များဘက်မှ ရဲဘော်နှစ်ဦး လက်မောင်းရှပ်ထိဒဏ်ရာရခဲ့သော် လည်း မစိုးရိမ်ရကြောင်း၊ ရန်သူ့ထံမှ လက်နက်သုံးလက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားသည့်တပ်သည် ကျော်ကြီးနယ် သံဘိုရွာတွင်တပ်စွဲထားသည့် ခလရ(၆၀)နှင့် ခမရ(၅၉၉)တပ်များဖြစ်ပြီး တိုက်ပွဲအတွင်း အထိနာသွားသောကြောင့် နတ်သံကွင်းအထွက် ရန်မျိုးအောင်အထိုင်တပ်မှနေ၍ လက်နက်ကြီးအလုံး ၂၀ ခန့်ပစ်ခတ်ခဲ့ရာ ဝါးပင်စုနှင့် သောင်မို့ကျေးရွာများမှ နေအိမ်ရှစ်လုံးထိခိုက်ပျက်စီးသွားသည်ဟု KNLA တပ်ရင်း(၉)ထံမှ သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ဇွန် ၆ ရက်ကဖြစ်ပွားသည့် နတ်သံကွင်းရဲစခန်းနှင့် စစ်တောင်းမြစ်ကူးတံတားတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။