Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ပြည်သူလေးဦး သတ်ဖြတ်

စစ်ကောင်စီတပ်သည် ဇွန်လ ၁၇ရက်က စစ်ကိုင်းနယ်မှတဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ကူးသန်းလာကာ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(တကောင်းမင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(တကောင်းမင်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ပြည်သူ ၄ ဦးကိုသတ်ဖြတ်ပြီး အိမ်ခြေရာချီ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၂ ရက် နံနက်ပိုင်းက ဝက်လက်မြို့မှထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် တကောင်းမင်းကျေးရွာရှိ နေအိမ် ၁၅ လုံး ၊ကား တစ်စီးနှင့် ဆိုင်ကယ် ရှစ်စီးအား မီးရှို့ဖျက်စီး၍ အသက်(၅၀)နှင့် အသက်(၃၀)အရွယ်ရှိ အမျိုးသားနှစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ထိုနေ့မတိုင်မီ ဇွန်လ ၂၁ ရက်က တကောင်းမင်းကျေးရွာမြောက်ဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးသေဆုံးကာ အထိအခိုက်များကြောင်း၊ ပကဖရဲဘော်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“ရဲဘော်နှစ်ယောက်လုံး မစိုးရိမ်ရဘူး။ ရွှေဘိုခရိုင် တပ်ရင်း (၂)ကလို့ သိရတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က ​ဒေသခံအမျိုးသား နှစ်ဦးကိုလည်း PDFဟုစွပ်စွဲကာ ဖမ်းစီးသွားကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လ ၂၀ရက်ကလည်း ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာရှိ အသက်(၅၀)ခန့် ညီအစ်ကိုနှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယခုလက်ရှိ ဝက်လက်နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၇ရက်က စစ်ကိုင်းနယ်မှတဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ကူးသန်းလာကာ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ထို့ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ဘုရားပြန်ကျေးရွာရှိ နေအိမ် ၁၀၀ကျော် ပြာကျခဲ့ပြီး မူးကြီးကျေးရွာရှိ နေအိမ် ၁၀လုံးထက်မနည်း၊ ကျီးကန်(မြောက်)ရွာရှိ နေအိမ် ၁၅လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့