Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

စစ်ဆင်ရေးကိုတော့ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုကိုခံယူပြီးဆောင်ရွက်ခဲ့တာလို့ Federal Wings က အသိပေးပါတယ်။

မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်
မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနဲ့ မြင်းမူထွေအုပ်ရုံးတွေကို ပြီးခဲ့တဲ့ စနေနေ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်း အဆောက်အဦး ၂ လုံးနဲ့ ထွေအုပ်ရုံး အဆောက်အဦး ၃ လုံးပေါ် ဗုံးတိုက်ရိုက်ထိမှန်ခဲ့တယ်လို့ Federal Wings ကဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမယ့်အသေးစိတ် ကို ဆက်လက်စုံစမ်းနေဆဲလို့ Federal Wings က ပြောထားပါတယ်။

တိုက်ခိုက်ခံရတဲ့ မြင်းမူမြို့နယ် ရဲစခန်းနဲ့ ထွေအုပ် ရုံးတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချ တပ်စွဲပြီး ဒရုန်းပျံသန်းမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆက်သွယ်ရေးလှိုင်းဖြတ်စက် ( Jammer ) တွေ တပ်ဆင်ထားတဲ့နေရာတွေဖြစ်တယ်လို့ လည်း Federal Wings က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကိုတော့ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုကိုခံယူပြီးဆောင်ရွက်ခဲ့တာလို့ Federal Wings က အသိပေးပါတယ်။

အခုလို တိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့နယ်ဟာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နဲ့ ဧရာဝတီမြစ်သာခြားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။