Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ရွှေဘိုတွင် ဆိုင်ကယ်များကိုတင်းကျပ်စွာစစ်ဆေး၍ သိမ်းဆည်းနေ

“သိမ်းသွားတဲ့ဆိုင်ကယ်တွေ မနည်းဘူး။ ကား၃စီးနဲ့ သယ်သွားတာတွေ့လိုက်တယ်။တချို့ဆို ဆိုင်ကယ်အသိမ်းခံရလို့ ငိုယိုပြီးပြန်သွားကြတယ်”ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြို့အဝင်၌ ဆိုင်ကယ်များအား တင်းကျပ်စွာစစ်ဆေးကာ အဓမ္မသိမ်းဆည်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုသို့ မန္တလေးဘက်မှအဝင်နှင့် ရွှေဘို-မြစ်ကြီးနားလမ်းဆုံအနီး ရွှေဘိုတက္ကသိုလ်ရှေ့ ဂိတ်များတွင် စစ်ကောင်စီတပ်များသည် ပြည်သူများစီးနင်းလာသော ဆိုင်ကယ်များအား ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင်ပါ ၊မပါ စစ်ဆေးပြီး လိုင်စင်မပါခြင်းနှင့် စက်တင်ဘာ၃၀ အထိ့လိုင်စင်သက်တမ်းကျော်နေပါက ဆိုင်ကယ်ကိုသိမ်းဆည်းနေကြောင်း ရွှေဘိုဒေသခံများက ပြောသည်။

ထို့အပြင်မြို့အထွက်ရှိ ဓါတ်ဆီဆိုင်တွင် ဆီစျေးလျှော့ ပေး၍ ဆိုင်ကယ်များဖြင့် အများအပြားလာဝယ်ကြရာ အဆိုပါဆိုင်ကယ်များလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“သိမ်းသွားတဲ့ဆိုင်ကယ်တွေ မနည်းဘူး။ ကား၃စီးနဲ့ သယ်သွားတာတွေ့လိုက်တယ်။တချို့ဆို ဆိုင်ကယ်အသိမ်းခံရလို့ ငိုယိုပြီးပြန်သွားကြတယ်”ဟု ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်သမားတင်မက ကားသမားများကိုပါ လိုင်စင်စစ်ခြင်း၊ နယ်ကျော်ထောက်ခံစာပါ ၊မပါကိုပါ စစ်ဆေးနေပြီး အထောက်အထားပြည့်စုံသော်လည်း ငွေတောင်းခြင်း၊ သိမ်းဆည်းသွားသည့်ဆိုင်ကယ်များအား ငွေဖြင့်လာရွေးခိုင်းခြင်းစသဖြင့်ပြုလုပ်နေကြောင်းကိုယ်တိုင်
ကြုံတွေ့ခဲ့သူများက ပြောသည်။

စစ်ကောင်စီသည် ယာဥ်လိုင်စင်ကိစ္စများအားစက်တင် ဘာလဆန်းမှစတင်ကာ လုပ်ငန်းပြန်လည်စတင်နေပြီး အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းများ ဖြစ်နေ၍ ကညနရုံးများသို့ လိုင်စင်ကိစ္စများ သွားရောက်ဆောင်ရွက်ခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များက တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။