Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်၌ သားအဖနှစ်ဦးအပါအဝင် ရဲဘော် လေးဦးကျဆုံးသည့်ဖြစ်စဥ်တွင် စစ်ကောင်စီတပ်က နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့၍ MSPDFအဖွဲ့ခေါင်းဆောင်​၏ သားဖြစ်သူ အသက်(၂၀)အရွယ် ရဲဘော်အပါအဝင် ရဲဘော် သုံးဦးကျဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)
(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) MSPDFအဖွဲ့ခေါင်းဆောင်နှင့်သားဖြစ်သူအပါအဝင် ရဲဘော်လေးဦးကျဆုံးခဲ့သည့်ဖြစ်စဥ်တွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း MSPDFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် နံနက် ၅နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့တိတ်တဆိတ် စစ်ကြောင်းထိုး ၀င်ရောက်ခဲ့သည်။

ထို့နောက် MSPDF အဖွဲ့ခေါင်းဆောင် (၄၇)နှစ်အရွယ် ဗိုလ်စာက​လေး​ခေါ်(ဆရာသက်ခိုင်)အား ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း MSPDFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာမှ ကျောက်ရစ်စခန်းသို့အပြန်လမ်းတွင် ပြန်လည်ကယ်ထုတ်နိုင်ရန် တော်လှန်ရေးအင်အားစုများက လက်နက်ကြီး ၊ လက်နက််ငယ်များ မိုင်းပွိုင့်များဖြင့် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)
(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ – ပေးပို့)

ထိုသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့၍ MSPDFအဖွဲ့ခေါင်းဆောင်​၏ သားဖြစ်သူ အသက်(၂၀)အရွယ် ရဲဘော်အပါအဝင် ရဲဘော် သုံးဦးကျဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦးမှာ မိတ္ထီလာခရိုင်တပ်ရင်း-၂ မှဖြစ်ကြောင်း ဆိုသည်။

“အဖေအဖမ်းခံရတော့ လိုက်ကယ်ရင်း သားပါကျသွားခဲ့တာပါ။ ရဲဘော်တစ်ဦးကိုတော့ စကစဘက်က လက်နက်ကြီးနဲ့ တအားထုနေတော့ ရုပ်အလောင်း ကောက်မရနိုင်ခဲ့ပါဘူး။ စကစဘက်က မီးရှို့သွားတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ဖမ်းဆီးခံရသော ဆရာသက်ခိုင်ကိုလည်း စစ်ကောင်စီတပ်က လမ်းတစ်နေရာတွင် သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ဒဏ်ရာရ ရဲ​ဘော်​များ၏ အ​ခြေအ​နေနှင့်ပတ်သက်၍ “ရဲဘော်တစ်ဦးက လက်ဖြတ်ရမယ့်အခြေနေပါ။ လက်နက်ကြီးထိတာ။တစ်ခြားရဲဘော်တွေကလည်းအစုံပေါ့ ခြေထောက်တွေ ၊ခေါင်းတွေ၊တွေခါးတွေ အနည်းငယ်ပေါ့။ အသက်အန္တရာယ်​တော့ မရှိဘူး”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) နှင့် မိတ္ထီလာခရိုင်တပ်ရင်းအမှတ် – (၂) မြင်းခြံခရိုင်တပ်ရင်း -(၈)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

MSPDF အဖွဲ့သည် မြောင်မြို့နယ်အတွင်း အခြေစိုက်ပြီး တော်လှန်ရေးကာလအစပိုင်းကတည်းက စစ်ကောင်စီတပ်အား လက်နက်ကိုင်တော်လှန်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများသည် မြောင်မြို့နယ်အတွင်း မကြာခဏရွာစဥ်လှည့် မွှေနှောက်ဖျက်ဆီးလေ့ရှိပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။