Connect with us

Hi, what are you looking for?

သတင်း

လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ
လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ

စစ်တပ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထောင်ချခံရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလွတ်ရက်စေ့ပေမယ့် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်လို့သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဦးသောဘိတ(အလင်္ကာကြယ်)ဟာ ဇွန်လ ၂၀ ရက်က လွတ်ရက်စေ့တာပါ။

ဒါပေမယ့် တစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်ပြတ်နေသလို ထောင်ထဲမှာလည်း မရှိတော့ဘဲ ပျောက်ဆုံးနေတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သံဃသမဂ္ဂ(မန္တလေး)က ဆိုပါတယ်။

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဦးသောဘိတဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ တရားစွဲဆိုမှုကိုခံခဲ့ရဖူးပါတယ်။

လူမှုကွန်ရက်မှာ စစ်တပ် သိက္ခာကျအောင်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့တရားစွဲခံရတာပါ။

အဲဒီစွဲဆိုချက်ဟာ အမှုမမြောက်လို့ NLD အစိုးရလက်ထက်မှာ တရားရုံးက ပလပ်ခဲ့ပါတယ်။ အာဏာသိမ်းတဲ့နေ့မှာတော့ ဦးသောဘိတ ကို စစ်တပ်က ဖမ်းဆီးပါတယ်။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှု နဲ့ အမှုတပ်ပြီး ထောင်ချသလို တရားရုံးက ပလပ်ထားတဲ့ အမှု အတွက် ပါ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။