Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ
လွတ်ရက်စေ့တဲ့ ဆရာတော် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့ပါအဆက်အသွယ်ပြတ်နေ

စစ်တပ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထောင်ချခံရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလွတ်ရက်စေ့ပေမယ့် ထောင်ထဲမှာမရှိတော့သလို မိသားစုနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်လို့သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဦးသောဘိတ(အလင်္ကာကြယ်)ဟာ ဇွန်လ ၂၀ ရက်က လွတ်ရက်စေ့တာပါ။

ဒါပေမယ့် တစ်ပတ်ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ်ပြတ်နေသလို ထောင်ထဲမှာလည်း မရှိတော့ဘဲ ပျောက်ဆုံးနေတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သံဃသမဂ္ဂ(မန္တလေး)က ဆိုပါတယ်။

စစ်ကောင်စီကမည်သည့်နေရာကိုခေါ်ဆောင်သွားမှန်းမသိရဘဲ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာလို့ သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဦးသောဘိတဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ တရားစွဲဆိုမှုကိုခံခဲ့ရဖူးပါတယ်။

လူမှုကွန်ရက်မှာ စစ်တပ် သိက္ခာကျအောင်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့တရားစွဲခံရတာပါ။

အဲဒီစွဲဆိုချက်ဟာ အမှုမမြောက်လို့ NLD အစိုးရလက်ထက်မှာ တရားရုံးက ပလပ်ခဲ့ပါတယ်။ အာဏာသိမ်းတဲ့နေ့မှာတော့ ဦးသောဘိတ ကို စစ်တပ်က ဖမ်းဆီးပါတယ်။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှု နဲ့ အမှုတပ်ပြီး ထောင်ချသလို တရားရုံးက ပလပ်ထားတဲ့ အမှု အတွက် ပါ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။