Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းချိတ်စွဲ ဆန္ဒပြ

ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းအား ချိတ်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ဆန္ဒပြမှုကို ယနေ့ (ဇွန်လ ၂၈) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - OCTOPUS
ဓာတ်ပုံ - OCTOPUS

မြို့ပြတော်လှန်ရေးလှုပ်ရှားမှုများအတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် CCTV မှတ်တမ်းများ ဖြစ်ကြောင်း၊ CCTV ဟုဆိုသည့်အခါ စစ်ကောင်စီဘက်က တပ်ဆင်ထားသည့် CCTVနှင့် ပြည်သူလူထုဘက်က တပ်ဆင်ထားသည့် CCTV ဟူ၍ နှစ်မျိုးတွေ့ရှိရကြောင်းနှင့် ပြည်သူများအနေဖြင့် အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှု စသည့် လုံခြုံရေးလိုအပ်ချက်များအရ CCTV များတပ်ဆင်ထားရခြင်းကို မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့် နားလည်သိရှိပြီး ဖြစ်ကြောင်း ရေဘဝဲအဖွဲ့က ဆိုသည်။

သို့သော် တပ်ဆင်ထားပြီးသား CCTV များကို လမ်းမ၊ လမ်းကွေ့၊ လမ်းထိပ်များဘက်သို့ ဦးတည်မျက်နှာမူထားခြင်းမှ လုံးဝရှောင်ရှားရန်နှင့် မိမိနေထိုင်ရာ (သို့) မိမိဆိုင်ခန်းများရှိရာ ရပ်ကွက်၊ မြို့နယ်အတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှု ပြုလုပ်သွားသည့် သတင်းကြားလျှင်ကြားခြင်း CCTV Record မှတ်တမ်းများကို ဂရုပြု ရှင်းလင်းပေးကြရန်လည်း ရေဘဝဲအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။