Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်း ၁၃ ဦးကို မြင်းခြံထောင်ကနေ မကွေးနဲ့သရက်ထောင်တွေဆီ ထောင်ပြောင်းရွှေ့

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ နီးပါးရှိနေပြီး NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး ၊မုံရွာနဲ့ မြင်းခြံသပိတ် သမားတွေ ၊ စစ်ကောင်စီကိုတော်လှန်သူတွေကို ဖမ်းဆီးအကျဉ်းချထားပါတယ်။

နိုင်ကျဉ်း ၁၃ ဦးကို မြင်းခြံထောင်ကနေ မကွေးနဲ့သရက်ထောင်တွေဆီ ထောင်ပြောင်းရွှေ့
နိုင်ကျဉ်း ၁၃ ဦးကို မြင်းခြံထောင်ကနေ မကွေးနဲ့သရက်ထောင်တွေဆီ ထောင်ပြောင်းရွှေ့

မန္တလေးတိုင်း၊ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က မကွေးထောင်နဲ့ သရက်ထောင်တွေဆီ ထောင်ရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်ဗဟိုကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

ဇွန်လ ၃၀ ရက် ညပိုင်းမှာ ထောင်ပြောင်းလိုက်တာဖြစ်ပြီး လူစုခွဲလိုက်တဲ့သဘောဖြစ်တယ်လို့ ကိုရှင်းသန့်က ဆိုပါတယ်။

“တစ်နေရာတည်းကိုပို့တာမဟုတ်ဘဲ ခွဲပြီးပို့တာ၊ ညီအကိုနှစ်ယောက်ဆို တစ်ယောက်ထောင်တစ်ခုစီပို့ပစ်တာ” လို့ ကိုရှင်းသန့်ကဆိုပါတယ်။

ထောင်ပြောင်းခံရသူတွေဟာ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းသွေး ၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင် ၊ ကိုဇော်ရဲထက်၊ ကိုထက်ဦးမာန် ၊ ကိုကျော်ဇင်ဦး တို့ဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးဟာ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး. ပြီခဲ့တဲ့ မေလအတွင်း ထောင်ထဲကနေ ခေါ်ထုတ်ခံရပြီး ရိုက်နှက်စစ်ကြောခံရသူတွေလည်းဖြစ်ပါတယ်။

တစ်ပတ်ကျော်ကြာ စစ်ကြောခံရပြီးနောက် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးဘဲ ထောင်ထဲမှာ တိုက်ပိတ်ထားခဲ့တာပါ။

အဲဒီနောက် တစ်လနီးပါးရှိလာချိန်မှာတော့ ထောင်ပြောင်းလိုက်တာပဲဖြစ်ပါတယ်။

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ နီးပါးရှိနေပြီး NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး ၊မုံရွာနဲ့ မြင်းခြံသပိတ် သမားတွေ ၊ စစ်ကောင်စီကိုတော်လှန်သူတွေကို ဖမ်းဆီးအကျဉ်းချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။