Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကင်းထောက်လေယာဉ်တွေက လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ရဲ့ ကင်းထောက် ပျံသန်းမှုတွေဟာ လေပိုင်နက် ကျူးလွန်တဲ့ အခြေအနေတွေ ဖြစ်နေကြောင်း၊ ဒီလုပ်ရပ်မျိုးအတွက် အဲဒီလေယာဉ်တွေကို ပစ်ချတဲ့အထိ တုံ့ပြန်ခွင့် ရှိပေမယ့် မြောက်ကိုရီးယားက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေခဲ့ကြောင်းလည်း ဆိုပါတယ်။

အမေရိကန် ကင်းထောက်လေယာဉ်တွေက လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ မြောက်ကိုရီးယား စွပ်စွဲ
အမေရိကန် ကင်းထောက်လေယာဉ်တွေက လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ဟာ နိုင်ငံလေပိုင်နက်ကို ကျူးကျော်ထိပါးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ ကင်းထောက် ပျံသန်းမှုတွေဟာ လေပိုင်နက် ကျူးလွန်တဲ့ အခြေအနေတွေ ဖြစ်နေကြောင်း၊ ဒီလုပ်ရပ်မျိုးအတွက် အဲဒီလေယာဉ်တွေကို ပစ်ချတဲ့အထိ တုံ့ပြန်ခွင့် ရှိပေမယ့် မြောက်ကိုရီးယားက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေခဲ့ကြောင်းလည်း ဆိုပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တကယ်လို့သာ အမေရိကန်က ရန်စတဲ့ အပြုအမူတွေနဲ့ ဆက်လက် လှုံ့ဆော်နေမယ်ဆိုရင် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား စစ်ပွဲကြီး ပေါ်ပေါက်လာနိုင်ခြေနဲ့ ပိုမို နီးစပ်သွားလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ဟာ ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ ကင်းထောက်လေယာဉ်တွေ၊ ဒရုန်းတွေကို ပိုပြီး အရေအတွက်များများ ချဲ့ထွင် ပျံသန်းစေခဲ့တဲ့အပြင် အခြေအနေတွေ ပိုဆိုးရွားလာစေဖို့ ရည်ရွယ်ပြီး ဒေသတွင်းကို နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးပါ ပို့ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ပုံစံအတိုင်း ရေရှည် ဖြစ်နေဦးမယ်ဆိုရင်တော့ အမေရိကန်ရဲ့ မဟာဗျူဟာ ကင်းထောက်လေယာဉ် တစ်စီး မှားယွင်းပစ်ချ ခံလိုက်ရတယ်ဆိုတဲ့ ကိစ္စမျိုး ကြုံကောင်း ကြုံသွားနိုင်တယ်လို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက်သွားခဲ့ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရော၊ တောင်ကိုရီးယားကပါ တစ်ခုခု တုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အခုနှစ်ထဲမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ် တဝိုက်မှာ လေတပ်၊ ရေတပ်တွေ ပူးပေါင်းပြီး အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့သလို မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ လတုန်းကလည်း တောင်ကိုရီးယားရဲ့ ဘူဆန် ဆိပ်ကမ်းမှာ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးကို ဆိုက်ကပ်ပြခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook