Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တိုင်းကို ရှုတ်ချကြောင်း အာဆီယံ ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ အာဆီယံစတိုင်လ် စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ- AFP)
(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ အာဆီယံစတိုင်လ် စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ- AFP)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း အာဆီယံက ထုတ်ပြန်ခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုကို ဆက်လက် ဆွဲကိုင်သွားမယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။

၂၀၂၁ နှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အဖွဲ့ဝင် နိုင်ငံ မြန်မာရဲ့ ပြည်တွင်းရေး ပြဿနာဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ စုထားတဲ့ အာဆီယံအတွက် အကြီးမားဆုံး ခေါင်းခဲစရာ ကိစ္စမျိုး ဖြစ်လာခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေ ဖျက်ဆီးခံရမှုမျိုး အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားခဲ့ပါတယ်။ အာဆီယံရဲ့ ကြေညာချက် ထုတ်ပြန်မှုဟာ အကြောင်းရင်း အတိအကျ မသိရတဲ့ ကိစ္စတစ်ခုကြောင့် နှောင့်နှေးနေခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဆီယံဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခံနေရတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ခွာမှာ မဟုတ်ကြောင်းလည်း အတည်ပြုသွားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အလုံးစုံပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ဆိုတဲ့ အဓိက တောင်းဆိုချက်တွေ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုထားပါတယ်။ ဒီအတွက်ကြောင့်လည်း အာဆီယံက အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားပါတယ်။

အာဆီယံက မြန်မာ့ အကျပ်အတည်းနဲ့ ဆက်စပ်ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန်းက ရပ်ဖို့၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာစေမယ့် ကိစ္စတိုင်းကို ဆန့်ကျင်ဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ရေးနဲ့ အလုံးစုံ လွှမ်းခြုံ ပါဝင်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်နိုင်ရေးအတွ့် သင့်တော်မယ့် ပတ်ဝန်းကျင်မျိုး ကူညီဖန်တီးပေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ အားထုတ်မှုတွေကိုလည်း တစ်ဖွဲ့လုံးက လက်ခံ အသိအမှတ် ပြုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံမှာ ဘုံသဘောတူညီချက် ၅ ခု အကောင်အထည်ဖော်ခြင်းနဲ့ ပတ်သက်လို့ တိုးတက်မှု အခြေအနေတွေကိုလည်း စက်တင်ဘာလမှာ ကျင်းပမယ့် ၄၃ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ ပြန်လည် သုံးသပ်သွားမယ်လို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။