Connect with us

Hi, what are you looking for?

သတင်း

ပို့ကုန်ရငွေများ၏ ၅၀ရာခိုင်နှုန်းကိုတစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်ရောင်းရမည်ဟု စစ်ကောင်စီဗဟိုဘဏ် ပြင်ဆင်

စစ်ကောင်စီကလုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကိုတစ်ဒေါ်လာ၂၁၀၀ ကျပ်ဖြင့် အတင်းအကျပ်ရောင်းဝယ်ခိုင်းသော်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။

(ရန်ကုန်ရှိ ဆိပ်ကမ်းတစ်ခုကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရန်ကုန်ရှိ ဆိပ်ကမ်းတစ်ခုကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ပြည်ပပို့ကုန်တင်ပို့ရာမှ ရရှိလာသည့် နိုင်ငံခြားငွေများကို ပြည်တွင်းဘဏ်များသို့ တစ်ဒေါ်လာ၂၁၀၀ ကျပ်ဖြင့် တရက်အတွင်း ၅၀ ရာခိုင်နှုန်းအား မဖြစ်မနေရောင်းချရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်က ပြင်ဆင်သတ်မှတ်လိုက်သည်။

စစ်ကောင်စီက ၂၀၂၂ ဩဂုတ် ၁၆ ရက်စတင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်များသို့ တစ်ရက်အတွင်းရောင်းချရန်သတ်မှတ်ထားပြီး ကျန် ၃၅ ရာခိုင်နှုန်းကို တစ်လအတွင်း လုပ်ငန်းရှင်များကို အပြည့်အဝသုံးခိုင်း ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၅၀ ရာခိုင်နှုန်းစီသို့ ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားလာသည့် စစ်ကောင်စီကယခုညွန်ကြားချက်မှာ ပို့ကုန်လုပ်ငန်းရှင်များကိုအနည်းငယ် ဖြည့်လျော့ပေးသည်ဟုဆိုသော်လည်း အမှန်တကယ်လက်တွေ့တွင် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များကပြောသည်။

Public Service Announcement
Public Service Announcement

“၅၀-၅၀ဆိုလည်း သိပ်ပြီးအလုပ်ဖြစ်ဦးမှာ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) ကိုယ်တိုင်က ဒေါ်လာလိုအပ်နေတာအပြင် ဈေးကွက်ထဲမှာရှိတဲ့ဒေါ်လာပမာဏ အနည်းအငယ်ပဲ လည်ပတ်နေရတာ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကဒေါ်လာလိုအပ်ချက်ကြီးမားလာသောကြောင့် ပို့ကုန်လုပ်ငန်းမှ ရငွေများကို ပြည်တွင်းကို ပြန်ဝင်စေရန် ဆွဲဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းကသုံးသပ်သည်။

“စစ်ကောင်စီအမြင်ကတော့ ဖြေလျော့ပေးတယ်ပေါ့။ ဒါပေမယ်လည်း လိုငွေပြလာတော့ လျော့ရတာပါ။ဒါပေ့မယ်လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

စစ်ကောင်စီကလုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကိုတစ်ဒေါ်လာ၂၁၀၀ ကျပ်ဖြင့် အတင်းအကျပ်ရောင်းဝယ်ခိုင်းသော်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။