Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်တပ်ထောင်သည့်မိုင်းကြောင့် ကလေးငယ်တစ်ဦး သေဆုံး

KNU ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်တွင် အရပ်သားများ နေထိုင်ရာ ဒေသများ၌ တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်မှု ၊ မိုင်းထောင်ထားမှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီ၏ တပ်မ(၄၄)တပ်ရင်းအား တွေ့ရစဥ်)
(စစ်ကောင်စီ၏ တပ်မ(၄၄)တပ်ရင်းအား တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကြောင့် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

KNU ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်တွင် အရပ်သားများ နေထိုင်ရာ ဒေသများ၌ တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်မှု ၊ မိုင်းထောင်ထားမှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ (၂၀၇)တပ်ရင်းက ထောင်ထားသည့် မြေမြုပ်မိုင်းကြောင့် ဇူလိုင် ၁၃ရက်တွင် ကျိုက်ထိုမြို့နယ် ဝါးဒတ်ကွင်းကျေးရွာ မီးလောင်ပွက်သစ်(ဒေသအခေါ်ဝေါ်)တွင် နေထိုင်သော အသက်(၁၃)နှစ်အရွယ် ကလေးငယ်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု ဖော်ပြသည်။

ထို့ပြင် ဇူလိုင် ၁၄ရက်တွင်လည်း မုပ္ပလင်လမ်းဆုံ၌ တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်(တပ်မ-၄၄) လက်အောက်ခံတပ်ရင်း စစ်ဆေးရေးဂိတ် စခန်းမှ လက်နက်ကြီးပစ်ခတ်ရာ မုပ္ပလင်ရွာအနီး အေးဘုရား ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ ပေါက်ကွဲ၍ ဘုန်းကြီးကျောင်းအဆောက်အဦး (၂)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းရှိ (၆၁)နှစ်အရွယ် မယ်သီလရှင်တစ်ပါး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ တပ်မ (၄၄)သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ၏ နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း အသိပေးထားသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကျိုက်ထိုမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်မျာတိုးပြီး တပ်စွဲလာကာ အရပ်သားများအား မတရားငွေကြေးကောက်ခံခြင်း၊ ကုန်ပစ္စည်းများ အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြုခြင်း၊ ငွေညစ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း KNUက အသိပေးထားသည်။

ကျိုထိုမြို့နယ် ဇီးကုန်းရွာအနီးတွင် ယမန်နေ့ (ဇူလိုင် ၁၆ရက်)က KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း KNLA နယ်မြေခံ သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။