Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နဲ့ ဗီယက်နမ်မှာ လူသိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

တာလင်မ်ဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဗီယက်နမ် မြောက်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပေမယ့် သိသိသာသာ အားပျော့သွားကြောင်း ပညာရှင်တွေက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နဲ့ ဗီယက်နမ်မှာ လူသိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရ
တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နဲ့ ဗီယက်နမ်မှာ လူသိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့မှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ဇူလိုင် ၁၇ ရက် ညပိုင်းက တာလင်မ် တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်ပိုင် ကွမ်တောင်ကမ်းရိုးတန်းကို ဖြတ်သန်းပြီး ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်း ဝင်ရောက်ချိန်မှာ တရုတ်အပြင် အိမ်နီးချင်း ဗီယက်နမ် နိုင်ငံရဲ့ ဒေသတချို့မှာပါ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုနှစ်ရဲ့ စတုတ္ထမြောက် တိုင်ဖွန်းဖြစ်တဲ့ တာလင်မ်ဟာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၁၃၆.၈ ကီလိုမီတာထိ ပြင်းထန်ခဲ့တယ်လို့ တရုတ် မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ပါတယ်။ တရုတ် တောင်ပိုင်းမှာတော့ ကွမ်တောင်ကနေ ဟိုင်နန်ထိ တောင်ပိုင်း ကမ်းရိုးတန်းတလျှောက် မိုးသည်းသည်းမည်းမည်း ရွာချခဲ့ပါတယ်။

တရုတ် မိုးလေဝသ အေဂျင်စီက မုန်တိုင်း မဝင်ရောက်မီ ကတည်းက တောင်ပိုင်းကမ်းခြေ ဧရိယာတွေမှာ မုန်တိုင်းအန္တရာယ် သတိပေးချက် ဒုတိယ အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားခဲ့ပြီး လူပေါင်း ၂၃၀၀၀၀ နီးပါးလောက်ကို ရွှေ့ပြောင်းဖို့ နှိုးဆော်ထားခဲ့ပါတယ်။ ဗီယက်နမ်ဖက်မှာလည်း လူပေါင်း ၃၀၀၀၀ လောက်ကို ကြိုတင် ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားခဲ့ပါတယ်။ ပြီးတော့ ဗီယက်နမ်ရဲ့ အပန်းဖြေ ကမ်းခြေ တစ်ဒါဇင်ကျော်လောက်ကိုလည်း ယာယီ ပိတ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တာလင်မ်ဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဗီယက်နမ် မြောက်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပေမယ့် သိသိသာသာ အားပျော့သွားကြောင်း ပညာရှင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် နှစ်နိုင်ငံမှာ ကြုံရတဲ့ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို တိတိကျကျ မသိရသေးပါဘူး။ မုန်တိုင်း မဝင်ခင် တစ်ရက် အလိုကတည်းက ဒေသတွင်းမှာရှိတဲ့ လေကြောင်း ခရီးစဉ်တွေ၊ ကူးတို့ရေယာဉ် သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနဲ့အတူ ကမ္ဘာ့အပူချိန် ပိုမိုမြင့်တက်လာခြင်းက အနာဂတ်မှာ တိုင်ဖွန်းတွေကို ပိုမို အားကောင်းလာစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

Facebook