Connect with us

Hi, what are you looking for?

ဗီဒီယို

ဖိလစ်ပိုင်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး လူ ၅ ဦးထက်မနည်း သေဆုံး

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက်ကလည်း လက်ရှိထက် မြင့်တက်လာနိုင်ပါတယ်။

ဖိလစ်ပိုင်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး လူ ၅ ဦးထက်မနည်း သေဆုံး
ဖိလစ်ပိုင်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး လူ ၅ ဦးထက်မနည်း သေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ အင်အားပြင်းထန်တဲ့ စူပါတိုင်ဖွန်း မုန်တိုင်းကြီးတစ်ခု ဝင်ရောက် တိုက်ခတ်မှုကြောင့် ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း နော်ရူဟာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ဖိလစ်ပိုင် ကမ်းရိုးတန်းကို စတင်ဝင်ရောက်လာပြီး နိုင်ငံမြောက်ပိုင်း ဧရိယာတွေကို ဖြတ်ကျော်ခဲ့ပါတယ်။ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၂၆၀ လောက်ထိ ပြင်းထန်တဲ့ မုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်မှာ ထိခိုက်ပျက်စီးမှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့သလို လက်ရှိ အချိန်ထိ အသေအပျောက် ၅ ဦးထက်မနည်း စာရင်း ရရှိထားပါတယ်။

ဖိလစ်ပိုင်ဟာ ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း အခု ၂၀ လောက် ဝင်ရောက်တိုက်ခတ်တာမျိုး ကြုံနေကျ နိုင်ငံပါ။ နော်ရူကတော့ ၂၀၂၂ ခုနှစ်အတွက် ဖိလစ်ပိုင်မှာ ကြုံဖူးသမျှ အားအပြင်းဆုံး တိုင်ဖွန်း ဖြစ်လာပါတယ်။

ရေလွှမ်းမိုးမှု အန္တရာယ် ရှိနိုင်တဲ့ မြေနိမ့် ဧရိယာတွေမှာ နေထိုင်သူ ထောင်ဂဏန်းလောက်ကို မုန်တိုင်း မဝင်ရောက်မီ ကတည်းက အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက ဖိလစ်ပိုင်မှာ လေယာဉ် ခရီးစဉ်တွေ၊ ကူးတို့ရေယာဉ် ပြေးဆွဲမှုတွေကိုပါ ဆိုင်းငံ့ထားစေပြီး စက်တင်ဘာ ၂၆ ရက်မှာ ကျောင်းတွေ၊ အစိုးရ ရုံးတွေလည်း ပိတ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မနီလာမြို့တော် မြောက်ပိုင်း၊ ဘူလာကန် ဒေသ အုပ်ချုပ်ရေးမှူး ဒန်နီရယ်လ် ဖာနန်ဒိုက မုန်တိုင်း တိုက်ခတ်နေတုန်း ရေနစ်လို့ ကယ်ဆယ်ရေး ဝန်ထမ်း ၅ ဦး သေဆုံးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီ ဝန်ထမ်းတွေ စီးနင်းလာတဲ့ လှေဟာ လှိုင်းပုတ်ရာက နံရံတစ်ခုနဲ့ ဆောင့်မိပြီး နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။ ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ဧရိယာတွေမှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေ ကယ်ဆယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားကြတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ထာဝရ ဦးညွှတ်နေမယ်လို့ ဖာနန်ဒိုက ပြောသွားပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက်ကလည်း လက်ရှိထက် မြင့်တက်လာနိုင်ပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားပြီးတဲ့နောက် ဖိလစ်ပိုင် မြောက်ပိုင်းက အော်ရိုရာနဲ့ နျူဗာ ဒေသတွေဟာ လျှပ်စစ်မီး လုံးဝပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဖြတ်သန်းပြီးချိန်မှာတော့ တစ်နာရီ ၁၄၀ ကီလိုမီတာ လေတိုက်နှုန်းထိ အားပျော့သွားပြီး အနောက်ဖက်မှာရှိတဲ့ တောင်တရုတ်ပင်လယ် ရေပြင်ဆီ ဆက်လက် ရွေ့လျားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၆ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။