Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် cအပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံး

လက်နက်ကြီးကျည်များသည် ခင်ဦးမြို့နယ်ရှိ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ကာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ခန့် အမျိုးသား တစ်တို့ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးနယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီးကျည်များသည် ခင်ဦးမြို့နယ်ရှိ မူးသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ပြည်သူ ငါးဦးလက်နက်ကြီးထိမှန်ကာ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ခန့် အမျိုးသား တစ်တို့ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မူးသာကျေးရွာဘေးရှိ သက်ပေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဒဏ်ရာရ၍ ဆေးကုနေသည့် ဒေသခံ နှစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများက​ ပြောသည်။

“သက်ပေးရွာက ဒဏ်ရာရတဲ့သူတွေအပါအဝင် သုံးဦးလည်း သေဆုံးသွားပါပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင်လ ၆ ရက်နေ့ကလည်းစစ်​ကောင်စီက ကုန်းကြီးရွာက ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့အပြင်ဇူလိုင်

လ၁၆ရက်နေ့ကလည်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အင်းပတ်ကျေးရွာက ဒေသခံအမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သေးသည်။

“နေ့ကောညပါ ရမ်းပစ်နေတာပါ။ တော်တော်များများတော့ မနေရဲတော့ပြောင်းပြေးကုန်ကြပြီ။ တချို့ကတော့ကျန်နေသေးတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၆ ရက်က ကုန်းကြီးကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။

ယနေ့နံနက် ၈နာရီခန့်တွင် အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပစ်ခတ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။