Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေရှားသတ္တု ရနိုင်ရေး တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရခြင်းကို G7 နိုင်ငံတွေ ဆွေးနွေး

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ - The New York Times

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီး ညီလာခံမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် အဖွဲ့ဝင် ခေါင်းဆောင်တွေ၊ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကို အသိအမှတ်ပြုပြီး ယူကရိန်းကို ဝိုင်းဝန်းထောက်ပံ့ အားပေးဖို့၊ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အခုနှစ် G7 ညီလာခံမှာ အရေးကြီး ခေါင်းစဉ်တစ်ခု အနေနဲ့ ဆွေးနွေးခဲ့တာက မြေရှားသတ္တုတွေ ကိစ္စ ဖြစ်လာပါတယ်။ အိမ်ရှင် ပြင်သစ် အစိုးရဟာ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ မြေရှားသတ္တုတွေ ဝယ်ယူရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ ကိစ္စအပေါ် ဝိုင်းဝန်းညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြေရှားသတ္တု ဆိုတာဟာ ခေတ်မီ နည်းပညာမြင့် အသုံးအဆောင်တွေ၊ လျှပ်စစ်ကားတွေနဲ့ တိုက်လေယာဉ်တွေအထိ ထုတ်လုပ်ရာမှာ အထူးလိုအပ်တဲ့ သတ္တုအမျိုးအစားတွေကို ဆိုလိုပါတယ်။ ကမ္ဘာ့မြေရှား သတ္တု ထုတ်လုပ်မှု၊ သန့်စင်မှု၊ တင်ပို့ရောင်းချမှု စျေးကွက် တစ်ခုလုံးနီးပါးကို တရုတ်က ထိန်းချုပ်ထားပါတယ်။

တစ်နည်းအားဖြင့် အနောက်နိုင်ငံတွေရဲ့ စွမ်းအင်၊ ကာကွယ်ရေးနဲ့ နည်းပညာ အဆင့်မြှင့်တင်မှုတွေအတွက် လိုအပ်တဲ့ အဓိက ကုန်ကြမ်းအတွက် တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ မြေရှားသတ္တု ကိစ္စကို အမေရိကန်၊ ဥရောပနဲ့ မဟာမိတ် နိုင်ငံတွေကြား အရင်ကတည်းက ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် G7 ညီလာခံမှာ တိကျတဲ့ မူဝါဒတွေ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။

အမေရိကန်မှာ ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာတဲ့နောက် တရုတ်အပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေနဲ့ ဖိအားပေးခဲ့ပြီး တရုတ်ကလည်း မြေရှားသတ္တု တင်ပို့မှုတွေကို ကန့်သတ်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့ဖူးပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ အမေရိကန်ဟာ မြေရှားသတ္တုတွေ တင်ပို့ရောင်းဝယ်တဲ့ သီးသန့် ကုန်သွယ်ရေး ကွန်ရက်တစ်ခု ထူထောင်ဖို့ အကြံပြုခဲ့ပေမယ့် လက်တွေ့ အထမမြောက်ခဲ့ပါဘူး။ လေ့လာသူတွေကတော့ အမေရိကန် အစိုးရရဲ့ ‘အမေရိကန်သာ ပဓာန’မူဝါဒကြောင့် အဲဒီ အစီအစဉ်အပေါ် မိတ်ဖက်တွေက အပြည့်အဝ မယုံကြည်နိုင်တာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။

G7ဟာ ဒီမိုကရေစီ ထွန်းကားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီး နိုင်ငံ ၇ ခု စုဖွဲ့ထားတာ ဖြစ်ပါတယ်။ G7မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်ပြီး နောက်ပိုင်းမှာတော့ ဥရောပ သမဂ္ဂ (EU)ကလည်း အဓိက မိတ်ဖက်အဖြစ် ပူးပေါင်း ပါဝင်လာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook