Connect with us

Hi, what are you looking for?

အတွေးအမြင်

ထရမ့်ရဲ့အမာခံတံတိုင်း အက်ကွဲလာပြီလား

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

-ခါကာဘို ရေးသားသည်။

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နောက်ဆုံး New York Times စစ်တမ်းတစ်ခုအရ လူနေမှုစရိတ်ကြီးမြင့်လာမှုကို ထရမ့် ကိုင်တွယ်နိုင်မှု အပေါ် ထောက်ခံမှုဟာ ၃၆ ရာခိုင်နှုန်းအထိသာ ရှိနေပြီး၊ အရင်နှစ်တွေထက် သိသိသာသာ ကျဆင်း လာတယ်လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေကို ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းအောင်ပြောရရင်၂၀၁၈ ခုနှစ်တုန်းကအလယ်သက်တမ်း ရွေးကောက်ပွဲအချိန်မှာတောင် ဒီအလုပ်သမားတန်းစားလူဖြူ မဲဆန္ဒရှင်တွေဟာ ထရမ့်ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ကို အားကောင်းကောင်း ထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီ ယုံကြည်မှုဟာ တဖြည်းဖြည်းပျောက်ကွယ်လာနေတယ်ဆိုတာကို စစ်တမ်းတွေက ထင်ဟပ်နေပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ဘွဲ့ရမဟုတ်တဲ့ လူဖြူ မဲဆန္ဒရှင်တွေကြားမှာတော့ အခြေအနေကပိုပြီး ပြောင်းလဲ သွားပါတယ်။အရင်ကထောက်ခံမှုအသာစီးကြီးရှိခဲ့ရာကနေအခုတော့ကန့်ကွက်မှုဘက်ကိုပိုပြီးရွေ့လာတဲ့ပုံစံတွေကို စစ်တမ်းတွေမှာ မြင်ရပါတယ်။

ဒါဆို ဒီလိုပြောင်းလဲမှုတွေ ဘာကြောင့်ဖြစ်လာတာလဲ?

ပထမဆုံးအချက်ကတော့ အမေရိကန်လူထုရဲ့ နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်နေတဲ့ လူနေမှုစရိတ်မြင့်တက်မှု (cost of living crisis) ပါ။ အစားအသောက်၊ အိမ်ငှားခ၊ အင်အားစွမ်းအင်စရိတ်တွေ မြင့်တက်လာတာကြောင့် အလုပ်သမားတန်းစားအတွက် ဖိအားပိုလာနေပါတယ်။

ဒုတိယအချက်ကတော့ စီးပွားရေးကိစ္စတွေကိုလည်းနိုင်ငံရေးဘက်လိုက်ပြီးထောက်ခံသူနဲ့ ကန့်ကွက်သူတွေဘက်ခွဲပြီး ပိုမြင်လာတာပါ။ တချို့ဒေသတွေမှာ စီးပွားရေးအခြေအနေ တိုးတက်မှုရှိပေမယ့် တချို့နေရာတွေမှာတော့ လုပ်ခလစာနှေးကွေးမှုနဲ့ အလုပ်အကိုင် မတည်ငြိမ်မှုတွေက ဆက်ရှိနေပါတယ်။

တတိယအချက်ကတော့မူဝါဒဆိုင်ရာ မကျေနပ်မှုတွေပါ။အခွန်၊ ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံခြားရေး နဲ့ စွမ်းအင်မူဝါဒတွေကတချို့အလုပ်သမားအုပ်စုတွေကြားမှာ မျှော်လင့်ထားသလို အကျိုးသက်ရောက်မှု မပေးနိုင်ဘူးဆိုတဲ့ အမြင်တွေ တဖြည်းဖြည်းအားကောင်းလာပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအခြေအနေကို သာမန်စစ်တမ်းအပြောင်းအလဲတစ်ခုအနေနဲ့ မမြင်ဘဲ ပိုကြီးမားတဲ့ နိုင်ငံရေးလှိုင်းပြောင်းလဲမှုတစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။

အကြောင်းကတော့ဒီအလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေဟာထရမ့်ရဲ့ နိုင်ငံရေးအင်အားအခြေခံ “ကျောရိုး” ဖြစ်ခဲ့လို့ပါ။

တစ်နည်းအားဖြင့် ပြောရရင် သူ့ကို အောင်မြင်စေခဲ့တဲ့ အဓိက မဲဆန္ဒရှင်အုပ်စုကိုယ်တိုင် စီးပွားရေးအပေါ် စိတ်ပျက်လာနေပြီဆိုရင် ၂၀၂၆ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးအတွက် မမျှော်လင့်နိုင်တဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာနိုင်ပါတယ်။

ကိုးကား : The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။