Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကောက်ပဲသီးနှံ တင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းပြီးတဲ့နောက် ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို ရုရှားတိုက်ခိုက်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းစီဟာ ယူကရိန်းကိုသာ မကဘဲ ကမ္ဘာတလွှားက ငတ်မွတ်မှု အန္တရာယ် ကြီးကြီးမားမား ခြိမ်းခြောက်ခံနေရသူတွေကိုပါ ထိမှန်ခဲ့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

ကောက်ပဲသီးနှံ တင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းပြီးတဲ့နောက် ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို ရုရှားတိုက်ခိုက်
ကောက်ပဲသီးနှံ တင်ပို့မှု သဘောတူညီချက်ကို ရပ်ဆိုင်းပြီးတဲ့နောက် ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို ရုရှားတိုက်ခိုက်

ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ခွင့် ပြုထားတဲ့ သဘောတူညီမှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ပင်လယ်နက် ဆိပ်ကမ်းတလျှောက်မှာ တည်ဆောက်ထားတဲ့ ရိက္ခာဂိုဒေါင်တွေကို ဇူလိုင် ၁၉ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကောက်ပဲသီးနှံ တန်ချိန် ၆၀၀၀၀ ကျော် လောက် ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းက ကြေညာပါတယ်။ နောက်ပြီး ရိက္ခာသိုလှောင်တဲ့ အခြေခံ အဆောက်အအုံတွေပါ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းရဲ့ စိုက်ပျိုးရေးဝန်ကြီး မိုင်ခိုလာ ဆော့စ်ခီရီက ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ရာမှာ အသုံးပြုတဲ့ အခြေခံ အဆောက်အအုံ တော်တော်များများလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရုရှားဟာ အစောပိုင်းတုန်းက တူရကီနဲ့ ကုလသမဂ္ဂတို့ရဲ့ ကြားဝင်ညှိနှိုင်းမှုကို လက်ခံပြီး ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေကို ရုရှားထိန်းချုပ်ထားရာ ပင်လယ်နက် ရေပြင်ကနေ ဖြတ်သန်းပြီး တူရကီဆီ သင်္ဘောတွေနဲ့ တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။ အဲဒီ တင်ပို့မှုတွေဟာ နိုင်ငံတကာ စားနပ်ရိက္ခာစျေးကွက်၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ အာရှနဲ့ အာဖရိက နိုင်ငံတချို့အတွက် အရမ်းအရေးပါခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာ ရုရှားက ကနဦး သဘောတူညီချက်ကို သက်တမ်း ထပ်မတိုးတော့ဘူးလို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သတ်မှတ်ထားတဲ့ ကန့်သတ်ကာလ ပြီးဆုံးပြီး နောက်တစ်နေ့မှာပဲ အိုဒက်ဆာနဲ့ ချော်နိုမော့စ်ခ် ဒေသတွေမှာရှိတဲ့ ယူကရိန်း ရိက္ခာဂိုဒေါင်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် လူပေါင်း တစ်ဒါဇင်လောက် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းစီဟာ ယူကရိန်းကိုသာ မကဘဲ ကမ္ဘာတလွှားက ငတ်မွတ်မှု အန္တရာယ် ကြီးကြီးမားမား ခြိမ်းခြောက်ခံနေရသူတွေကိုပါ ထိမှန်ခဲ့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။