Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်ကို ရုရှား ရပ်ဆိုင်း

အဲဒီ သဘောတူညီချက်အရ စစ်ပွဲကာလအတွင်း ယူကရိန်းရဲ့ စားနပ်ရိက္ခာတင် သင်္ဘောတွေဟာ ရုရှားရေတပ် အဓိက လှုပ်ရှားနေတဲ့ ပင်လယ်နက်ကို ဖြတ်သန်းခုတ်မောင်းပြီး တူရကီ မြောက်ပိုင်းကို ကောက်ပဲသီးနှံတွေ တင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်ကို ရုရှား ရပ်ဆိုင်း
ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်ကို ရုရှား ရပ်ဆိုင်း

ယူကရိန်းဆီက ကောက်ပဲသီးနှံတွေ ပြည်ပ တင်ပို့ခွင့် သဘောတူညီချက်ကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း ရုရှားက ကြေညာလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေး ရည်မှန်းချက်တွေကို ကြီးကြီးမားမား ထိခိုက်လာစေဖွယ် ရှိနေပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ကမ္ဘာပေါ်မှာ ဂျုံစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး စာရင်းဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီနှစ်နိုင်ငံ စစ်ဖြစ်ပြီး ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေ ကမ္ဘာ့စျေးကွက်ထဲ တင်ပို့နိုင်ခြင်း မရှိတော့တာက တစ်ကမ္ဘာလုံးမှာ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်ပေါ်လာစေတာကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ တူရကီ အစိုးရနဲ့ ကုလသမဂ္ဂတို့ ဦးဆောင် ညှိနှိုင်းပြီး ယူကရိန်းရဲ့ ကောက်ပဲသီးနှံ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်အရ စစ်ပွဲကာလအတွင်း ယူကရိန်းရဲ့ စားနပ်ရိက္ခာတင် သင်္ဘောတွေဟာ ရုရှားရေတပ် အဓိက လှုပ်ရှားနေတဲ့ ပင်လယ်နက်ကို ဖြတ်သန်းခုတ်မောင်းပြီး တူရကီ မြောက်ပိုင်းကို ကောက်ပဲသီးနှံတွေ တင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရုရှားက အဲဒီသင်္ဘောတွေမှာ စစ်လက်နက်တွေ တင်ဆောင်တာမျိုး ရှိမရှိ သေချာအောင် စောင့်ကြည့် စစ်ဆေးတာကလွဲရင် အန္တရာယ် မပေးဖို့ ကတိခံထားပါတယ်။ ဒီကိစ္စဟာ စစ်ပွဲကာလတလျှောက်မှာ သံတမန်ရေးအရ ကြီးကြီးမားမား ညှိနှိုင်း အောင်မြင်မှု တစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို လအလိုက် သက်တမ်းထပ်တိုးရတာ ဖြစ်ပေမယ့် ဇူလိုင် ၁၇ ရက် ညပိုင်းမှာတော့ ရုရှားက အဲဒီ သဘောတူညီချက် သက်တမ်း ထပ်တိုးဖြစ်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သဘောတူညီချက် သက်တမ်း ကုန်ဆုံးပြီးတဲ့နောက် ညှိနှိုင်းမှု ရလဒ်တွေ ပျက်ပြယ်သွားပြီလို့ သတ်မှတ်နိုင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက အဲဒီ သဘောတူညီချက်ဟာ ရုရှားရဲ့ ပြည်ပပို့ကုန် ကဏ္ဍကို ထိခိုက်စေခဲ့ကြောင်း၊ တကယ်လို့ ရုရှားဖက်က တင်ပို့မှုတွေ ပြီးစီး အောင်မြင်ခဲ့ရင်တော့ သဘောတူညီချက်ကို ပြန်ကျင့်သုံးပေးမှာဖြစ်ကြောင်းလည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ ဒါဟာ စစ်ပွဲကို အကြောင်းပြုပြီး အနောက်နိုင်ငံတွေ ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကို ရုရှားက တစ်နည်းတစ်ဖုံ တုံ့ပြန်လိုက်တဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။

ပက်စ်ကော့ဗ်က ကနဦး သဘောတူညီမှုကို ပြန်လည် ဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲဖြစ်ပြီး ရုရှားဖက်က တင်ပို့မှုတွေ လျာထားချက် ပြည့်မီပြီးတာနဲ့ အဲဒီကိစ္စ ပြန်အသက်ဝင်လာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ရုရှား အစိုးရဟာ ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို နိုင်ငံရေး လက်နက် တစ်ခုလို အသုံးချနေကြောင်း စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမိုင်ထရို ကူလီဘာကလည်း ရုရှားဟာ မူလ သဘောတူညီချက်ကို ဖြည်းဖြည်းချင်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း ရှုတ်ချခဲ့ပြီး အကျိုးဆက် အနေနဲ့ အာရှနဲ့ အာဖရိက နိုင်ငံတချို့က ပြည်သူတွေ အဆိုးရွားဆုံး သက်ရောက် ခံစားကြရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။