Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ထောက်ပံ့တဲ့ ပဒေသာဗုံးတွေ ယူကရိန်း လက်တွေ့ စတင် အသုံးပြုနေ

အမေရိကန်က ယူကရိန်းဆီ ပဒေသာဗုံးတွေ ထောက်ပံ့မယ်လို့ ကြေညာခဲ့ချိန်တုန်းကတော့ ရုရှားက အဲဒီစစ်လက်နက်တွေ စစ်မြေပြင်ဆီ ယူဆောင်လာရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားဖူးပါတယ်။

အမေရိကန်က ထောက်ပံ့တဲ့ ပဒေသာဗုံးတွေ ယူကရိန်း လက်တွေ့ စတင် အသုံးပြုနေ
အမေရိကန်က ထောက်ပံ့တဲ့ ပဒေသာဗုံးတွေ ယူကရိန်း လက်တွေ့ စတင် အသုံးပြုနေ

အမေရိကန်က ထောက်ပံ့ထားတဲ့ ပဒေသာဗုံး (ကလက်စတာဗုံး)တွေကို ယူကရိန်း စစ်မြေပြင်မှာ စတင် အသုံးပြုနေပြီလို့ သိရပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက အမေရိကန်လုပ် ပဒေသာ ဗုံးတွေကို ယူကရိန်း စစ်တပ်က လက်တွေ့ အသုံးချပြီး ရန်သူ ရုရှားတွေကို တိုက်ခိုက်နေပြီဆိုတာ အတည်ပြုသွားခဲ့ပါတယ်။ အဲဒီ ပဒေသာဗုံးတွေဟာ ရုရှားရဲ့ စစ်ဆင်ရေးတွေနဲ့ ခံစစ် အခင်းအကျင်းတွေကို ချိုးနှိမ် တိုက်ခိုက်ရာမှာ အရမ်းထိရောက်တဲ့ အထောက်အကူတွေ ဖြစ်စေတယ်လို့လည်း ကာဘီက ဆိုပါတယ်။

အမေရိကန်က ယူကရိန်းဆီ ပဒေသာဗုံးတွေ ထောက်ပံ့မယ်လို့ ကြေညာခဲ့ချိန်တုန်းကတော့ ရုရှားက အဲဒီစစ်လက်နက်တွေ စစ်မြေပြင်ဆီ ယူဆောင်လာရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားဖူးပါတယ်။

ပဒေသာ ဗုံးတွေ အသုံးပြုမှုကို နိုင်ငံတကာ ဥပဒေတွေအရ တားမြစ်မထားပေမယ့် ကျင့်ဝတ်ပိုင်း အရတော့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်လောက်ဟာ အဲဒီခဲယမ်းမီးကျောက်တွေ ထုတ်လုပ်သုံးစွဲမှုကို ရှောင်ရှားဖို့ သဘောတူ ကတိပြုထားပါတယ်။ ဒါပေမဲ့ ရုရှား၊ တရုတ်၊ အမေရိကန်စတဲ့ အင်အားကြီး နိုင်ငံတွေကတော့ အဲဒီ ကတိကဝတ်မျိုးမှာ ပါဝင်ထားခြင်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

ပဒေသာဗုံးတွေဟာ ပင်မ ဗုံးကြီးထဲကနေ သေးမွှားတဲ့ ဗုံးငယ်လေးတွေ ကွဲထွက်သွားပြီး ကျယ်ပြန့်တဲ့ ဧရိယာမျိုးမှာ ကျရောက်အောင် တီထွင်ထားတာပါ။ အဲဒီ ဖောက်ခွဲရေး ပစ္စည်းတွေကို လက်နက်ကြီး ကျည်တွေမှာဖြစ်စေ၊ လေယာဉ်ပေါ်က ကြဲချရာမှာဖြစ်စေ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ ပဒေသာဗုံးတွေနဲ့ ပတ်သက်လို့ အဓိက အငြင်းပွားကြတာက ဗုံးငယ်လေးတွေဟာ ပျံ့နှံ့ ကျရောက်ချိန်မှာ အလုံးတိုင်း မပေါက်ကွဲတာ ဖြစ်ပါတယ်။ တချို့ ဗုံးငယ်လေးတွေက မြေကြီးထဲမှာ နစ်ကျန်နေတတ်ပါတယ်။ အဲဒီ မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေဟာ နောင်တစ်ချိန်မှာတော့ အရပ်သားပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်လာပါတော့တယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်ပွဲတလျှောက်မှာ ပဒေသာဗုံးတွေကို နှစ်ဖက်စလုံး အသုံးပြုခဲ့ပြီးသားပါ။ ဝေဖန်စရာတွေ ဖြစ်နိုင်မှန်းသိလို့ အမေရိကန်က အစောပိုင်းမှာ ဒီလက်နက်တွေ ယူကရိန်းဆီ မထောက်ပံ့ခဲ့ပေမယ့် ခဲယမ်းမီးကျောက် လိုအပ်ချက် ကြီးမားလာချိန်မှာ ဆုံးဖြတ်ချက် ပြောင်းလဲခဲ့တာပါ။ အမေရိကန် အစိုးရကတော့ ယူကရိန်းဆီ ပေးပို့မယ့် ပဒေသာ ဗုံးတွေဟာ အလုံးတိုင်းနီးပါး ပေါက်ကွဲအောင် ကြိုးစားတည်ဆောက်ထားတဲ့ အမျိုးအစားတွေလို့ ကာကွယ် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။