Connect with us

Hi, what are you looking for?

သတင်း

မပခ တိုင်းမှူးနှင့် အရာရှိများကိုဖမ်းပြီး တိုင်းမှူးသစ်အဖြစ် ကလေးအခြေစိုက် စကခ (၁)မှ ဗိုလ်မှူးချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုး

မပခ ယခင်တိုင်းမှူးဗိုလ်ချုပ်ကိုကို​မောင်သည် အာဏာသိမ်း​ခေါင်း​ဆောင် ယုံကြည်အားထားခံရသူတစ်ဦးဖြစ်ပြီး ၊ ပြည်သူအများစုအပါအဝင် လူ ၆၀ ​ကျော်​သေဆုံး​စေခဲ့​သော ဖားကန့်အနန့်ပါ​ကိုလေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူဟု စစ်​ရေး​လေ့လာသူအချို့က သုံးသပ်သည်။

(မပခ တိုင်းမှူး​ဟောင်း ဗိုလ်ချုပ်ကိုကို​မောင် (အလယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ)
(မပခ တိုင်းမှူး​ဟောင်း ဗိုလ်ချုပ်ကိုကို​မောင် (အလယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ)

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် အရာရှိ ၇ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီခဲ့ပြီးနောက် တိုင်းမှူးသစ်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့ အခြေစိုက်အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်(စကခ-၁၀)မှ ဗိုလ်မှူးချုပ် စိုးလှိုင်ကို ယခုရက်ပိုင်းအတွင်း တာဝန်ပေးလိုက်သည်ဟု ကချင်ဒေသသတင်းရင်းမြစ်က ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မ(၃၃) တပ်မမှူး၊ ဒုတပ်မမှူး၊ တပ်မ(၈၈) တပ်မမှူး၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ အပါအဝင် စစ်​ကောင်စီအရာရှိ ၇ဦးကို ဇူလိုင် ဒုတိယ ပတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ဖားကန့် ကျောက်စိမ်းလုပ်ကွက်များသို့ တင်သွင်းသည့် ယမ်းများကို ခွင့်ပြုခဲ့ရာ ယင်းယမ်းများသည် စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ရောက်ရှိသွားခြင်းနှင့် သက်ဆိုင်သည်ဟု သတင်းရင်းမြစ် အချို့က ပြောသည်။

“အပြောင်းအလဲတော့ လုပ်တယ်။ စကက ၁၀ က ဗိုလ်မှူးချုပ် စိုးလှိုင် ကို ချိန်းသွားပြီ။ ဒါက တိုင်းမှူးမရှိတော့ဘူးဆို​တော့ တိုင်းမှူး အစားလာတာပေါ့။ အရင်တိုင်းမှူးကိုတော့ အရေးယူတဲ့ ပုံစံဖြစ်သွားတာပေါ့” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

မပခ ယခင်တိုင်းမှူးဗိုလ်ချုပ်ကိုကို​မောင်သည် အာဏာသိမ်း​ခေါင်း​ဆောင် ယုံကြည်အားထားခံရသူတစ်ဦးဖြစ်ပြီး ၊ ပြည်သူအများစုအပါအဝင် လူ ၆၀ ​ကျော်​သေဆုံး​စေခဲ့​သော ဖားကန့်အနန့်ပါ​ကိုလေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူဟု စစ်​ရေး​လေ့လာသူအချို့က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်စိုးလှိုင်မှာလည်း စစ်ကိုင်းတိုင်း​တွင် ပြည်သူများ၏ ​နေအိမ်​သောင်းချီ မီးရှို့အကြမ်းဖက်မှူတွင် အဓိက​စေခိုင်းသူများထဲမှ တစ်ဦးဖြစ်​ကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

တိုင်းမှူးအပြောင်းအလဲ ဖြစ်သော်လည်း စစ်ရေးအပေါ် သက်ရောက်မှု တစုံတရာမရှိနိုင်ဟု စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကသုံးသပ်သည်။

“ဒါက သူတို့ အတွင်းရေးကိစ္စ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လတ်တလောတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နမ့်ဆန်ယာန်ဒေသ အနီးတဝိုက်၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှာ​​သေဆုံးထိခိုက်မှုများ​နေပြီး ဇူလိုင် ၂၁ ရက်ညပိုင်းတွင် စစ်တပ်ကလေကြောင်းမှ ဗုံးကျဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။