Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မပခ တိုင်းမှူးနှင့် အရာရှိများကိုဖမ်းပြီး တိုင်းမှူးသစ်အဖြစ် ကလေးအခြေစိုက် စကခ (၁)မှ ဗိုလ်မှူးချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုး

မပခ ယခင်တိုင်းမှူးဗိုလ်ချုပ်ကိုကို​မောင်သည် အာဏာသိမ်း​ခေါင်း​ဆောင် ယုံကြည်အားထားခံရသူတစ်ဦးဖြစ်ပြီး ၊ ပြည်သူအများစုအပါအဝင် လူ ၆၀ ​ကျော်​သေဆုံး​စေခဲ့​သော ဖားကန့်အနန့်ပါ​ကိုလေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူဟု စစ်​ရေး​လေ့လာသူအချို့က သုံးသပ်သည်။

(မပခ တိုင်းမှူး​ဟောင်း ဗိုလ်ချုပ်ကိုကို​မောင် (အလယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ)
(မပခ တိုင်းမှူး​ဟောင်း ဗိုလ်ချုပ်ကိုကို​မောင် (အလယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ)

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် အရာရှိ ၇ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီခဲ့ပြီးနောက် တိုင်းမှူးသစ်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့ အခြေစိုက်အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်(စကခ-၁၀)မှ ဗိုလ်မှူးချုပ် စိုးလှိုင်ကို ယခုရက်ပိုင်းအတွင်း တာဝန်ပေးလိုက်သည်ဟု ကချင်ဒေသသတင်းရင်းမြစ်က ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မ(၃၃) တပ်မမှူး၊ ဒုတပ်မမှူး၊ တပ်မ(၈၈) တပ်မမှူး၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ အပါအဝင် စစ်​ကောင်စီအရာရှိ ၇ဦးကို ဇူလိုင် ဒုတိယ ပတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ဖားကန့် ကျောက်စိမ်းလုပ်ကွက်များသို့ တင်သွင်းသည့် ယမ်းများကို ခွင့်ပြုခဲ့ရာ ယင်းယမ်းများသည် စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ရောက်ရှိသွားခြင်းနှင့် သက်ဆိုင်သည်ဟု သတင်းရင်းမြစ် အချို့က ပြောသည်။

“အပြောင်းအလဲတော့ လုပ်တယ်။ စကက ၁၀ က ဗိုလ်မှူးချုပ် စိုးလှိုင် ကို ချိန်းသွားပြီ။ ဒါက တိုင်းမှူးမရှိတော့ဘူးဆို​တော့ တိုင်းမှူး အစားလာတာပေါ့။ အရင်တိုင်းမှူးကိုတော့ အရေးယူတဲ့ ပုံစံဖြစ်သွားတာပေါ့” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

မပခ ယခင်တိုင်းမှူးဗိုလ်ချုပ်ကိုကို​မောင်သည် အာဏာသိမ်း​ခေါင်း​ဆောင် ယုံကြည်အားထားခံရသူတစ်ဦးဖြစ်ပြီး ၊ ပြည်သူအများစုအပါအဝင် လူ ၆၀ ​ကျော်​သေဆုံး​စေခဲ့​သော ဖားကန့်အနန့်ပါ​ကိုလေ​ကြောင်းတိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူဟု စစ်​ရေး​လေ့လာသူအချို့က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်စိုးလှိုင်မှာလည်း စစ်ကိုင်းတိုင်း​တွင် ပြည်သူများ၏ ​နေအိမ်​သောင်းချီ မီးရှို့အကြမ်းဖက်မှူတွင် အဓိက​စေခိုင်းသူများထဲမှ တစ်ဦးဖြစ်​ကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

တိုင်းမှူးအပြောင်းအလဲ ဖြစ်သော်လည်း စစ်ရေးအပေါ် သက်ရောက်မှု တစုံတရာမရှိနိုင်ဟု စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကသုံးသပ်သည်။

“ဒါက သူတို့ အတွင်းရေးကိစ္စ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လတ်တလောတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နမ့်ဆန်ယာန်ဒေသ အနီးတဝိုက်၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှာ​​သေဆုံးထိခိုက်မှုများ​နေပြီး ဇူလိုင် ၂၁ ရက်ညပိုင်းတွင် စစ်တပ်ကလေကြောင်းမှ ဗုံးကျဲခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။