Connect with us

Hi, what are you looking for?

သတင်း

ဇင်းကျိုက်မြို့ရှိ စားသောက်ဆိုင်တွင် နယ်ထိန်းရဲအရာရှိတစ်ဦးနှင့် အမျိုးသားတစ်ဦးကို လူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွား

အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ (ဇူလိုင်၂၂ ရက်) ညနေ ၆နာရီခန့်က ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ဇင်းကျိုက်မြို့
ဇင်းကျိုက်မြို့

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နယ်ထိန်းရဲအရာရှိတစ်ဦးနှင့် အမျိုးသားတစ်ဦးကို လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ဇင်းကျိုက်ရဲစခန်းက နယ်ထိန်း ဖြိုးဇော်အောင်နဲ့ သူ့အဖော်တစ်ယောက် အပစ်ခံရတာ။ပွဲချင်းပြီးသေတယ်”ဟု ဇင်းကျိုက်ဒေသခံတစ်ဦးက People’s Springသို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ (ဇူလိုင်၂၂ ရက်) ညနေ ၆နာရီခန့်က ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

နယ်ထိန်းဖြိုးဇော်အောင်နှင့်အတူ ပစ်ခတ်ခံရသူမှာ ပေါင်မြို့မှ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင် သူ အမျိူးသားဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦးသည် သေနတ်ဖြင့် နှစ်ချက်စီပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်းအတွင်း ထိုင်နေသည့် နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်သွားသည့်သူနှစ်ဦးကို မသိရှိဘဲ ယခင်ကလည်း မမြင်ဖူးဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလည်း ယနေ့အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။