Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် KIAတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာ

ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KIA)

▪️KIAနှင့် စစ်ကောင်စီတပ် ယနေ့ နေရာသုံးခုထက်နည်း တိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံပြော

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ မွန်းလွဲပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့(ဇူလိုင် ၂၅ရက်)နံနက် ၇နာရီ ၄၅မိနစ်ခန့်က မြစ်ကြီးနား – ဗန်းမော်ကားလမ်း မလန့်ယန်နှင့် ဒဘတ်ယန်ကြားတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIAက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လည်ပိုင်း၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“နေ့လည် ၂နာရီ ၃၅မှာ မြစ်ကြီးနား – ဗန်းမော်လမ်း ဒဘတ်ယန်ဘက်က စစ်ကူလာတဲ့ စကစ တပ် ခလရ (၃၇)နဲ့ ခမရ(၃၈၇)ပူးပေါင်း စစ်ကြောင်းကို ဒဘတ်ယန်နဲ့ မလန်းယန်ကြားမှာ KIAက စောင့်ကြိုတိုက်ခိုက်တာ စကစ တပ်ဖက်က ထိခိုက်မှုများသွားတယ်”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

အခြား ကချင်ဒေသခံတစ်ဦးကလည်း ဒေါ့ဖုန်းယန်နှင့် ဒိန်ဂါရွာကြား၌ ယနေ့ နေ့လည် ၁၁နာရီခွဲတွင် KIAနှင့် စစ်ကောင်စီတပ် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေးဦးသေဆုံးခဲ့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဒဘတ်ယန်အလွန်တွင် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၁)တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်ဒေသခံက ပြောသည်။

ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။