Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီတပ်ကလည်း နမ့်ဆန်ယာန်ဒေသသို့ စစ်ကူအင်အားဖြည့်တင်းခြင်း၊ လက်နက်ကြီးများဖြင့် KIA ဌာနချုပ်နယ်မြေ လိုင်ဇာဘက်သို့ ပစ်ခတ်ခြင်း၊ နန်ဆန်ယာန်ရွာကို လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

(ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ တပ်သားများအား‌တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ တပ်သားများအား‌တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဇူလိုင် ၂၅ရက်) နံနက် ၇နာရီ ၄၅မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒဘတ်ယန်ဘက်ကလာတဲ့ စစ်ကူစစ်ကြောင်းကို လာကြိုတဲ့ မလန့်ယန်က ထွက်လာတဲ့ စစ်ကြောင်းကို KIA မိုင်းခွဲတိုက်ခိုက်တာပါ။ထိခိုက်ကျဆုံး စာရင်း မသိရပါ”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း ဗန်းမော် – မြစ်ကြီးနားလမ်း မလိယန်မှ ဒဘတ်ယန်သို့ လာတဲ့ စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသတွင် ဇူလိုင်လဆန်းမှစ၍ KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကူများကို KIAက ကြားဖြတ်တိုက်ခိုက်မှုမကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၁၆ရက်မှ ၂၃ရက်အတွင်း အဆိုပါဒေသ၌ ခယာတေင်၊ ဘွမ်ရယ်တောင်၊ အောင်ဂျာစခန်း၊ မဒီးယာန်ဒေသရှိ စစ်ကောင်စီတပ်များကို KIAကတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ကလည်း နမ့်ဆန်ယာန်ဒေသသို့ စစ်ကူအင်အားဖြည့်တင်းခြင်း၊ လက်နက်ကြီးများဖြင့် KIA ဌာနချုပ်နယ်မြေ လိုင်ဇာဘက်သို့ ပစ်ခတ်ခြင်း၊ နန်ဆန်ယာန်ရွာကို လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး