Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်၌ ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၀၀ ကျော်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နှင့် ဒရုန်း(၂၅)စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)က မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD/NUG)
(အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)က မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD/NUG)

▪️လက်နက်မျိုးစုံ ၄၈လက်၊ဒရုန်း ၂၅စီးနှင့် ခဲယမ်းများစွာရ၊ တော်လှန်ရေးရဲဘော် ၄၇ဦး ကျဆုံးဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသနယ်မြေများတွင် ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၃၇၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၃၇၄ ကြိမ်အနက် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှု ၁၂၅ကြိမ်၊ ထိတွေ့တိုက်ပွဲ ၁၀၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၄ကြိမ်၊ တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်မှု ၄၆ကြိမ်၊ ရန်သူစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၆ကြိမ်ပါဝင်သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ ၄၁၇ဦး သေဆုံးကာ ၅၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄၇ဦး ကျဆုံးကာ ၁၄၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နှင့် ဒရုန်း(၂၅)စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။