Connect with us

Hi, what are you looking for?

News

ကသာPDFက သတိပေးပြီး၂၄နာရီအတွင်း အုပ်ကြီး ၁၂ ဦးတစ်ပြိုင်နက်နှုတ်ထွက်

ကသာမြို့နယ်အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ဦး၊ မတရားသတ်ဖြတ်ခံရသူ ၉ဦး၊ နေအိမ်မီးရှို့ခံရမှု ၁၀ အိမ်၊ နေအိမ် ရိုက်ဖျက်ခံရမှု ၂၀ အိမ်၊ တောင်သူသုံးကားများ မီးရှို့ခံရမှု ငါး စီး၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်များ လုယက်ခံရမှု အကြိမ် ၂၀၊ စစ်ဘေးရှောင်လူဦးရေ ၂၅,၀၀၀ ဦးရေခန့်ရှိလာကြောင်း ကသာ PDFက အသိပေးသည်။

ကသာမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ကြရန် ကသာ PDFက သတိပေးပြီး ၂၄ နာရီအတွင်းရပ်ကျေးအုပ်ချုပ်ရေးမှုး ၁၂ ဦး တစ်ပြိုင်တည်း နှုတ်ထွက်ခဲ့ကြသည်။

ကသာမြို့နယ်အတွင်းရှိ အင်း၊ အင်းကြီး၊ ဝက်တူး၊ ကျောက်ထုံးကြီး၊ ငါးတဲ၊ ပုလေရွှေ၊ ကူးကာ၊ ဘွတ်၊ စကားကုန်း၊ ဒိုးပင်၊ ဆိပ်သာနှင့် ဒုံးအော့ စ​​သော ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး၁၂ ဦးသည် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတာဝန်ခံများ ရာအိမ်မှူးများ နှုတ်ထွက်သွားခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိခြင်းတို့ကြောင့် ကျေးရွာစီမံခန့်ခွဲမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများရှိသဖြင့် နှုတ်ထွက်ခွင့်ပြုရန် စစ်ကောင်စီသို့ ယနေ့အောက်တိုဘာ ၄ ရက်တွင် တစ်ပြိုင်နက်နှုတ်ထွက်စာတင်ခဲ့ကြသည်။

အောက်တိုဘာ ၃ ရက်က ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးများ စတင်နှုတ်ထွက်လာခြင်းဖြစ်သည်။

ကသာမြို့နယ်အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ဦး၊ မတရားသတ်ဖြတ်ခံရသူ ၉ဦး၊ နေအိမ်မီးရှို့ခံရမှု ၁၀ အိမ်၊ နေအိမ် ရိုက်ဖျက်ခံရမှု ၂၀ အိမ်၊ တောင်သူသုံးကားများ မီးရှို့ခံရမှု ငါး စီး၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်များ လုယက်ခံရမှု အကြိမ် ၂၀၊ စစ်ဘေးရှောင်လူဦးရေ ၂၅,၀၀၀ ဦးရေခန့်ရှိလာကြောင်း ကသာ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်ခံရမှုများတွင် စစ်ကောင်စီအားနူတ်အား၊ လူအား၊ ငွေကြေးအားများဖြင့် မော်တော်ယာဥ်များ၊ ရေယာဥ်များ ထောက်ပံ့ခဲ့ကြသည့် ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှုးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှုးများနှင့် ကသာ မြို့ပေါ် ၁၁ ရပ်ကွက်မှ အုပ်ချုပ်ရေးမှုးများအားလုံး အောက်တိုဘာလ ၁၀ ရက် နောက်ဆုံးထား၍ အုပ်ချုပ်ရေးတာဝန်များမှ နူတ်ထွက်ရန် ကသာ PDFက သတိပေးသည်။

မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွင် အဆိုးဆုံး စစ်ကောင်စီသတင်းပေးပြုလုပ်ခဲ့ကြသည့် ရပ်ကွက်(၃၊၄၊၅၊၆၊၉၊၁၀၊၁၁)များမှ အုပ်ချုပ်ရေးမှုးများ ကသာမြို့ပေါ်မှ အပြီးအပိုင်ထွက်ခွာသွားရန်နှင့် စစ်ကောင်စီ၏ မြို့နယ်ကောင်စီတွင်ပါဝင်သော ကသာမြို့ မြို့မိမြို့ဖအမည်ခံ လူပုဂ္ဂိုလ်အချို့လည်း မြို့ပေါ်မှအပြီးတိုင်ထွက်ခွာသွားရန်၊ မြို့ပေါ်တော်လှန်ရေးအင်အားစုများက စစ်​ကောင်စီ၏ မြို့မိမြို့ဖများကို Social punishment
ပြုလုပ်ကြရန် ကသာ PDFက ညွှန်ကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက် နောက်ဆုံးနူတ်ထွက် ထွက်ခွာမှု မပြုလုပ်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောက်ကျားတပ်ဖွဲ့များနှင့် ကသာမြို့နယ်ပြည်သူများမှ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ကသာ PDF က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။