Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာPDFက သတိပေးပြီး၂၄နာရီအတွင်း အုပ်ကြီး ၁၂ ဦးတစ်ပြိုင်နက်နှုတ်ထွက်

ကသာမြို့နယ်အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ဦး၊ မတရားသတ်ဖြတ်ခံရသူ ၉ဦး၊ နေအိမ်မီးရှို့ခံရမှု ၁၀ အိမ်၊ နေအိမ် ရိုက်ဖျက်ခံရမှု ၂၀ အိမ်၊ တောင်သူသုံးကားများ မီးရှို့ခံရမှု ငါး စီး၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်များ လုယက်ခံရမှု အကြိမ် ၂၀၊ စစ်ဘေးရှောင်လူဦးရေ ၂၅,၀၀၀ ဦးရေခန့်ရှိလာကြောင်း ကသာ PDFက အသိပေးသည်။

ကသာမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ကြရန် ကသာ PDFက သတိပေးပြီး ၂၄ နာရီအတွင်းရပ်ကျေးအုပ်ချုပ်ရေးမှုး ၁၂ ဦး တစ်ပြိုင်တည်း နှုတ်ထွက်ခဲ့ကြသည်။

ကသာမြို့နယ်အတွင်းရှိ အင်း၊ အင်းကြီး၊ ဝက်တူး၊ ကျောက်ထုံးကြီး၊ ငါးတဲ၊ ပုလေရွှေ၊ ကူးကာ၊ ဘွတ်၊ စကားကုန်း၊ ဒိုးပင်၊ ဆိပ်သာနှင့် ဒုံးအော့ စ​​သော ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး၁၂ ဦးသည် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတာဝန်ခံများ ရာအိမ်မှူးများ နှုတ်ထွက်သွားခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိခြင်းတို့ကြောင့် ကျေးရွာစီမံခန့်ခွဲမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများရှိသဖြင့် နှုတ်ထွက်ခွင့်ပြုရန် စစ်ကောင်စီသို့ ယနေ့အောက်တိုဘာ ၄ ရက်တွင် တစ်ပြိုင်နက်နှုတ်ထွက်စာတင်ခဲ့ကြသည်။

အောက်တိုဘာ ၃ ရက်က ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးများ စတင်နှုတ်ထွက်လာခြင်းဖြစ်သည်။

ကသာမြို့နယ်အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ဦး၊ မတရားသတ်ဖြတ်ခံရသူ ၉ဦး၊ နေအိမ်မီးရှို့ခံရမှု ၁၀ အိမ်၊ နေအိမ် ရိုက်ဖျက်ခံရမှု ၂၀ အိမ်၊ တောင်သူသုံးကားများ မီးရှို့ခံရမှု ငါး စီး၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်များ လုယက်ခံရမှု အကြိမ် ၂၀၊ စစ်ဘေးရှောင်လူဦးရေ ၂၅,၀၀၀ ဦးရေခန့်ရှိလာကြောင်း ကသာ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်ခံရမှုများတွင် စစ်ကောင်စီအားနူတ်အား၊ လူအား၊ ငွေကြေးအားများဖြင့် မော်တော်ယာဥ်များ၊ ရေယာဥ်များ ထောက်ပံ့ခဲ့ကြသည့် ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှုးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှုးများနှင့် ကသာ မြို့ပေါ် ၁၁ ရပ်ကွက်မှ အုပ်ချုပ်ရေးမှုးများအားလုံး အောက်တိုဘာလ ၁၀ ရက် နောက်ဆုံးထား၍ အုပ်ချုပ်ရေးတာဝန်များမှ နူတ်ထွက်ရန် ကသာ PDFက သတိပေးသည်။

မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွင် အဆိုးဆုံး စစ်ကောင်စီသတင်းပေးပြုလုပ်ခဲ့ကြသည့် ရပ်ကွက်(၃၊၄၊၅၊၆၊၉၊၁၀၊၁၁)များမှ အုပ်ချုပ်ရေးမှုးများ ကသာမြို့ပေါ်မှ အပြီးအပိုင်ထွက်ခွာသွားရန်နှင့် စစ်ကောင်စီ၏ မြို့နယ်ကောင်စီတွင်ပါဝင်သော ကသာမြို့ မြို့မိမြို့ဖအမည်ခံ လူပုဂ္ဂိုလ်အချို့လည်း မြို့ပေါ်မှအပြီးတိုင်ထွက်ခွာသွားရန်၊ မြို့ပေါ်တော်လှန်ရေးအင်အားစုများက စစ်​ကောင်စီ၏ မြို့မိမြို့ဖများကို Social punishment
ပြုလုပ်ကြရန် ကသာ PDFက ညွှန်ကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက် နောက်ဆုံးနူတ်ထွက် ထွက်ခွာမှု မပြုလုပ်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောက်ကျားတပ်ဖွဲ့များနှင့် ကသာမြို့နယ်ပြည်သူများမှ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ကသာ PDF က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။