Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်း ၈ ဦး ကို ၂ ပတ်နီးပါးကြာ တိုက်ပိတ်ထား

တိုက်ပိတ်ခံရသူ ၈ ဦးထဲမှာ ၃ ဦးဟာ အင်းစိန်ထောင် စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရပြီး ထောင်ပြောင်းလာသူတွေဖြစ်ပါတယ်။

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်း ၈ ဦး ကို ၂ ပတ်နီးပါးကြာ တိုက်ပိတ်ထား
ဒိုက်ဦးထောင်မှာ နိုင်ကျဉ်း ၈ ဦး ကို ၂ ပတ်နီးပါးကြာ တိုက်ပိတ်ထား

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပဲခူး ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံအကျဉ်းသား ၈ ဦး ဟာ၂ ပတ်နီးပါးကြာ တိုက်ပိတ်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဒီနေ့ထိတိုင် တိုက်ပိတ်ခံထားရတာပါ။

ဇူလိုင်လ ၂၅ ရက်က ထောင်ပိုင်လေးဆိုသူဟာအဆောင်တွေကို စစ်ဆေးချိန် နိုင်ငံရေးအကျဉ်းသား ကိုဖြိုးအောင် ပုံစံထိုင်တာ မှားယွင်းတယ်ဆိုပြီး ရိုက်နှက်ကာ တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဖော်ပြပါတယ်။

” သူ့ကိုပမာမခန့်လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရိုက်နှက်တိုက်ပိတ်လိုက်တာ”လို့ ကွန်ရက်ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်ကို မကျေနပ်လို့ နိုင်ငံရေးအကျဉ်းသား ၇ ဦးက ထောင်အာဏာပိုင်တွေကိုသွားရောက်ပြောဆိုရာမှာ အဲဒီ ၇ ဦးကို လည်းရိုက်နှက်ပြီး တိုက်ပိတ်လိုက်တာပါ။

တိုက်ပိတ်ခံရသူ ၈ ဦးထဲမှာ ၃ ဦးဟာ အင်းစိန်ထောင် စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရပြီး ထောင်ပြောင်းလာသူတွေဖြစ်ပါတယ်။

ဒိုက်ဦးထောင်ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း နိုင်ကျဉ်းတွေကို ထောင်ပြောင်းမယ်ဆိုပြီး အပြင် ခေါ်ထုတ်သွားပြီး လမ်းမှာ ထွက်ပြေးလို့ဆိုကာ ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။